Main menu

Background

Asia Agro Marketing Forum ကျင်းပ

Tue, 10/19/2010 - 11:02 -- Anonymous (not verified)

 Asia Agro Marketing Forum  ကျင်းပ        ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် UMFCCI  နှင့် AFMA (Agricultural and Food Marketing Association For Asia and The Pacificတို့ ပူးပေါင်း၍ Asia Agro Marketing Forum ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ UMFCCI မင်္ဂလာခန်းမမှာ အောက်တိုဘာလ ၁၄ ရက်က ကျင်းပခဲ့ပါတယ်။    Forum သို့ AFMA  အဖွဲ့ဝင်နိုင်ငံ များဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နီပေါနဲ့ ပါကစ္စတန် နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များနဲ့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖွဲ့မှ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ၅ဝ ဦးခန့် တက် ရောက်ခဲ့ကြပါတယ်။        Forum ဖွင့်ပွဲ အခမ်းအနားတွင် UMFCCI  ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော် တို့မှ အဖွင့်အမှာစကား မြွက်ကြားကြပါတယ်။ ထိုင်းနိုင်ငံ CP  အဖွဲ့မှ စီးပွားရေး အကြံပေးDr. Pornsri  Laurujisawat rS Agriculture for Today & Tomorrow Food for theWorld စာတန်းကိုလည်းကောင်း၊ Empowering small farmer in the Market ကို AFMA  မှ အမှုဆောင် ဒါရိုက်တာJuejan Tangtermthong လည်းကောင်း၊The Patterns of Procurement & Marketing of China's Grain Market  စာတန်းကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် မျိုးစေ့စီမံခန့်ခွဲရေးဌာန ဒုတိယဌာန ကြီးမှူး Mr. He Wei  ကလည်းကောင်း၊ လယ်ယာထွက်ကုန် ဈေးကွက် သတင်းအချက်အလက်ပညာရှင် ဦးကျော်မြင့် က Production and Marketing of Rice, Pulses, Vegetables and Fruits in Myanmar  ကို လည်း ကောင်း၊The Roles of Farmer Markets in Developing Malaysia Agricultural Sector  ကို မလေးရှားနိုင်ငံ စိုက်ပျိုးရေးအခြေခံ စက်မှု လုပ်ငန်း ဝန်ကြီးဌာန Federal Agricultural Marketing Authority (FAMA)  မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်Mr. Nordin Ahmat  က လည်း ကောင်း၊ A Unique Development Financing Institutionsကို အိန္ဒိယနိုင်ငံမှ Mr. Warab M- Kigvi  ကလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ Dr. Juejan Tangter- mthongကPulse & Grain Drying ကို လည်းကောင်း၊ ထိုင်းနိုင်ငံ Blue River Products မှ ကုန်သွယ်ရေးနဲ့ နည်းပညာ ဒါရိုက်တာ Mr Soon- thron Sritawee u Post-harvest Technology in Commercial Use for Fresh Produce  ကို လည်းကောင်း အသီးသီးဖတ်ကြား တင်ပြသွားခဲ့ကြပြီး တက်ရောက်လာသူများမှ စိတ်ဝင် တစား ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။ုKKCM