Main menu

Background

မြိတ်မြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း

Tue, 11/24/2020 - 13:40 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများ သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ၂၀၂ဝခုနစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြိတ်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး ဆိုင်ရာ သတိပေးချက်နှင့်အညီ ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်း ခဲ့ကြပါသည်။   

ထိုသို့ မြိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၂၂၁ ဆိုင်သို့ ကွင်းဆင်းပြီး နောက် ၎င်းတို့ထဲမှ ဆိုင်(၁၄၉)ဆိုင်သည် ဆိုင်ထိုင်ရောင်းချလျှင် ကျန်းမာရေးဆိုင်ရာသတိပေးချက် နှင့်အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးထားပြီး လက်မှတ်ရေးထိုးထား သောဆိုင် ၁၄၉ ဆိုင်အား အဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆိုင်ထိုင်ရောင်းချခွင့် တင်ပြထား ကြောင်းသတင်းရရှိပါသည်။

ကျော်ဝင်းနိုင်(မြိတ်)