၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခချန် ဦးဆောင်၍ “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်-RCEP” အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လွတ်လပ်သောကုန်သွယ်မှုကို ထိန်းသိမ်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် win-win နယ်ပယ်သစ်များချဲ့ထွင်ခြင်းများနှင့်စပ်လျဉ်း၍ ပိုမိုအရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် လတ်တလောကျင်းပပြုလုပ်ခဲ့သည့် အရှေ့အာရှပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးတွင် “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်-RCEP” ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် နိုင်ငံတကာပတ်ဝန်းကျင်၏ မသေချာမရေရာမှုများကို အတူတကွကိုင်တွယ်ဖြေရှင်းခြင်း များနှင့်စပ်လျဉ်း၍ ဒေသအတွင်း လွတ်လပ်သောကုန်သွယ်မှုကို တိုးမြှင့် ပြီး စက်မှုကွင်းဆက်နှင့် ထောက်ပံ့ကွင်းဆက်များကို တည်ငြိမ်စေ၍ ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို မြှင့်တင်နိုင်ရုံ သာမက တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်မှုကို ဖွင့်လှစ်နိုင်ရန်အတွက်လည်း အရေးပါသော အဓိပ္ပာယ်ကို ဆောင်နေပါကြောင်း၊ RCEP အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် သဘောတူညီချက်နှင့် စပ်လျဉ်း၍ မိမိတို့၏ လုပ်ဆောင်ချက်များအပေါ် ရလဒ်ကောင်းများရရှိနိုင်ရန်အတွက် တက်ကြွ စွာ အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ ၎င်းနှင့်စပ်လျဉ်း၍ လတ်တလော အရေး တကြီးလုပ်ဆောင်ရမည့် လုပ်ငန်းများ များစွာရှိပါကြောင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။
ထို့နောက် သက်ဆိုင်ရာဌာနများအနေဖြင့် ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ၏ သတ်မှတ်ပြဋ္ဌာန်းချက်များအရ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး အားလုံးတွင် တာဝန်ရှိ ပါကြောင်း၊ သဘောတူညီချက်အတိုင်း ရှင်းရှင်း လင်းလင်း တာဝန်ခွဲဝေပေးပြီး အချိန်ကန့်သတ် ချက်ပေး၍ သဘောတူညီချက်အား ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်ရေးအတွက် မိမိတို့နိုင်ငံအတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို လျှင်မြန်စွာ ပြီးမြောက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းကို အစည်းအဝေးတွင် ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ပထမအချက်အနေဖြင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ပြီး နိုင်ငံတွင်း အတည်ပြုချက်လုပ်ထုံးလုပ်နည်းများ ပြီးမြောက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက် ကာ ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူသားအရင်းအမြစ် ရွှေ့ပြောင်းမှုစသည့် နယ်ပယ်များတွင် ပိုမိုပွင့်လင်းစေ၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဖြေလျော့ ပေးရေးနှင့် လွယ်ကူချောမွေ့စေရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်ပေးရေး၊ ကုန်သွယ်မှု ကုစားရေး၊ E-commerce ၊ Government Procurement ၊ SME လုပ်ငန်းများနှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး စသည့်ကဏ္ဍများ၏ ပိုမိုမြင့်မားသော စံချိန်စံညွှန်း၊ စည်းမျဉ်း စည်းကမ်းများအား အကောင်အထည်ဖော်ဆောင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊
ဒုတိယအချက်အနေဖြင့် သဘောတူညီချက်အကောင်အထည်ဖော်ပြီးပါက ဒေသတွင်း ကုန်စည်ကုန်သွယ်မှုတွင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ၏ အရေအတွက်သည် ၉၀% အထိ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အခွန်နှုန်းထားများလျှော့ချခြင်း၊ အကောင်ခွန်ဆိုင်ရာလုပ်ထုံး လုပ်နည်းများ ရှင်းလင်းမှုရှိစေခြင်း၊ ပင်ရင်းဒေသစည်းမျဉ်းများအတွက် နည်းပညာပြင်ဆင်မှုများ၊ ကုန်ပစ္စည်းစံချိန်စံညွှန်းများနှင့် အပြန်အလှန်အသိအမှတ်ပြုခြင်းများ စသည့်ကဏ္ဍများတွင် သဘောတူညီချက်အကောင်အထည်ဖော်နိုင်ရေးအတွက် အစီအမံများကို ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမြန်ချောပို့နှင့် ပုပ်သိုးပျက်စီးလွယ်သည့် ကုန်ပစ္စည်းများကို (၆) နာရီအတွင်း အပြီးပို့ဆောင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘောတူညီချက်၏ ဘက်ပေါင်းစုံ ဝန်ဆောင်မှုကုန်သွယ်ရေးကတိကဝတ်များသည် အဖွဲ့ဝင်နိုင်ငံများအကြား ယခုလက်ရှိ လွတ်လပ် သော ကုန်သွယ်ရေး သဘောတူညီချက်များထက် သိသိသာသာ ပိုမိုမြင့်မားပါကြောင်း၊ တရုတ် နိုင်ငံ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ စီမံခန့်ခွဲမှု ဆွေးနွေးညှိနှိုင်းခြင်းများ၊ ထုတ်လုပ်မှု ဆိုင်ရာ ဝန်ဆောင်မှုများ၊ သက်ကြီးရွယ်အိုများအတွက် ဝန်ဆောင်မှုများ၊ ပရော်ဖက်ရှင်နယ် ဒီဇိုင်းများ၊ အဆောက်အအုံတည်ဆောက်ခြင်းများစသည့် ကဏ္ဍများစွာ၏ ဝန်ဆောင်မှုဌာနများမှ ဆောင်ရွက်ပေးသည့် သစ်လွင်သော ပွင့်လင်းမြင်သာမှု ကတိကဝတ်များအရ တစ်ခုချင်းစီအား ဖြေလျော့ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၏ Negative List ဆိုင်ရာ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကန့်သတ်ချက်များကို Negative List တွင် ပေါင်းထည့်၍ မရနိုင်ပါကြောင်း၊ ပထမ ဦးစွာ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်တွင် ပါရှိသည့် ပြီးပြည့်စုံသော ဉာဏပစ္စည်း မူပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်ရန် ကတိကဝတ်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးရမည်ဖြစ် ကြောင်း၊ ထို့နောက် မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ပထဝီဝင်အနေအထားညွှန်းကိန်းများ၊ မှတ်ပုံတင်မူပိုင်ခွင့်များ၊ မျိုးရိုးဗီဇအရင်းအမြစ်များ စသည်တို့ကိုလည်း ကာကွယ်ပေးရမည်ဖြစ် ကြောင်း၊ အီလက်ထရောနစ်အသိအမှတ်ပြုလက်မှတ်နှင့် အမှတ်တံဆိပ်များ၊ အွန်လိုင်းပုဂ္ဂိုလ် ရေးသတင်းအချက်အလက်ကာကွယ်ခြင်း၊ အင်တာနက်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် အီလက် ထရောနစ်သတင်းအချက်အလက်ဖြန့်ဝေခြင်းစသည့် ကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
တတိယအချက်အနေဖြင့် သဘောတူညီချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို လျှင်မြန်စွာဖော်ထုတ်၍ တိုးတက်အောင် ဆောင် ရွက်ကြရမည်ဖြစ်ပြီး သဘောတူညီချက်တွင် သတ်မှတ်ထားသည့် တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်ကာ ပြည်တွင်းအုပ်ချုပ်မှုအစီအမံများနှင့် လုပ်ထုံးလုပ်နည်း များကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊
စတုတ္ထအချက်အနေဖြင့် ဒေသတွင်းအစိုးရများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းများအတွက် သဘောတူညီချက်ကိုအကောင်အထည်ဖော်ဆောင်နိုင်ရန် သင်တန်းများ ပေးခြင်း၊ အထူးသဖြင့် ကြီးမားကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းများကဲ့သို့ ကဏ္ဍအားလုံးနှင့် စပ်လျဉ်း၍ သဘောတူညီချက်၏ စည်းမျဉ်းများကို ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပိုင်နိုင်မှုရှိရမည်ဖြစ် ကြောင်း၊ ပိုမိုကြီးမားသော အခွင့်အလမ်းများ၊ ပိုမိုမြင့်မားသော စံချိန်စံညွှန်းများနှင့် ယှဉ်ပြိုင်မှုများကြောင့် ဖြစ်ပေါ်လာသော အခွင့်အလမ်းများနှင့်စိန်ခေါ်မှုများကို အပြည့်အဝ နားလည်ထားကာ စျေးကွက်ယှဉ်ပြိုင်မှုများအကြား ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ပိုမို ကျယ်ပြန့်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရင်းမြစ် - http://fta.mofcom.gov.cn/article/rcep/rcepnews/202012/43878_1.html
ခိုင်ဖူးဝေ (ဒေသတွင်း)