Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း လက်ရှိဆန်စပါးဈေးကွက်အခြေအနေနှင့် ဆန်စပါးဝယ်ယူမှု၊ ပြည်ပတင်ပို့နိုင်မှုကိစ္စများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Tue, 03/23/2021 - 10:16 -- journal_editor

၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ Virtualစနစ်ဖြင့်ကျင်းပပြုလုပ်သည့် လက်ရှိဆန်စပါးဈေးကွက်အခြေအနေနှင့် ဆန်စပါး ဝယ်ယူမှု၊ ပြည်ပတင်ပို့နိုင်မှုကိစ္စများနှင့်စပ် လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကိုအခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများ ကို ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ချက်များချမှတ်ဆောင် ရွက်လျက်ရှိရာ ဆန်စပါးကဏ္ဍ Supply Chain တလျောက် စဉ်ဆက်မပြတ်တိုးတက်မှုများ ဖြစ် ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိသူများ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း၌ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေများ၊ ရိတ်သိမ်းမှု အခြေအနေများနှင့် သယ်ယူပို့ဆောင်မှု အခြေအနေများ၊ စပါးအထွက်နှုန်း တိုးတက်လာစေရေး အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေ ပိုမိုရရှိစေရေး အတွက် ဆောင်ရွက်သွား မည့်အစီအစဉ်များ၊ ပြည်တွင်း ဆန်စပါး ဈေးကွက် ဖြစ်ပေါ်နေမှု အခြေအနေများနှင့် ဆန်ပြည်ပ တင်ပို့ရာတွင်လိုအပ်သည့် အပင်ပိုးမွှား ရောဂါကာကွယ်ရေးဆိုင်ရာ ထောက်ခံချက်များထုတ်ပေး နေသည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ် ဖြင့် ဆန်တန် ချိန် (၁)သိန်း တင်ပို့ ရောင်းချရေးနှင့်ပတ်သက်၍ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် Export Financing အနေဖြင့် ကျပ်ငွေ (၃၀)ဘီလီယံကို ချေးပေးခဲ့ပါကြောင်း၊ မြန်မာ Exporter များအနေဖြင့် နိုင်ငံတကာဆန် ဈေးကွက် ပြောင်းလဲမှု များကို မျက်ခြေမပြတ်လေ့လာကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သင့်ပါကြောင်း၊ မြန်မာ့ဆန် ပြည်ပသို့ အရှိန်အဟုန်မပျက်တင်ပို့ နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပြီး တက်ရောက်လာကြသည့် အသင်းအဖွဲ့ တာဝန်ရှိသူများ၊ Exporter များ၊ လုပ်ငန်းရှင်များမှ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန် စပါး ကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ဆန်စပါးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသည့် Stakeholder များ တက် ရောက်ဆွေးနွေးကြကြောင်းသတင်းရရှိသည်။

MOC (IR)