အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၃၇ သန်း တန်ဖိုးရှိ ဘိလပ် မြေ တန်ချိန် ၂၂၉,၆၈၀ အား ပင်လယ်ရေကြောင်းမှတဆင့် တင်သွင်းခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံမှသာတင်သွင်းခဲ့ကြောင်း သိရသည်။ ယခင် စက်တင်ဘာလ နှင့် နှိုင်း ယှဉ် ပါ က တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း နှင့် ၃၃၃,၈၂၀ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။
စက်တင်ဘာလ ၁ရက် မှ ၃၀ရက် အတွင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၇၇၃ သန်းရှိပြီး တန်ချိန်အားဖြင့် ၃၆,၁၁၇,၅၅၀ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခု လ အတွင်း ထိုင်းနိုင်ငံမှသာ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်စက်တင်ဘာလ တင်သွင်း မှု အခြေအနေနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၉၂၇ သန်းနှင့် ၁၀,၉၄၂,၆၅၀တန် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့်