Main menu

Background

(၃-1၂-၂၀၂၁) မှ (၉-1၂-၂၀၂၁)ထိဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 12/10/2021 - 15:33 -- journal_editor

  ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၆ရက်နေ့တွင်International Rice Market Websiteတွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာ ဧည့်မထ (၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ၃၃၀ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်းဆန်စျေးနှုန်းများမှာ (၁၀၀%)ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ ဖြင့်လည်းကောင်း၊ဧည့်မထ(၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၈ ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅%)ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၄ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၀၈ ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅%)ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၈ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ(၂၅%)ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၃ဖြင့်လည်းကောင်းအသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့်Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀၀%) ဘီဂရိတ်ဆန်၊ ဧည့်မထ(၅ %)ဆန်၊ ဧည့်မထ(၂၅ %)၊ဗီယက်နမ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့၏ ဆန်စျေးနှုန်းများမှာ အနည်းငယ် ကျဆင်းနေခဲ့ကာ အိန္ဒိယနိုင်ငံ၏ ဆန်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရပါသည်။

ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့်လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃ရက်နေ့အထိ(ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၃၁၁၈၉၆.၀၈၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၂.၃၃၆ သန်း၊ ဆန်ကွဲ တန်ချိန်1၆၄၈၇၆တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀.၀၈၃ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၄၇၆၇၇၂.၀၈၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၅၂.၄၁၉ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၂၆၁၇၂၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၁၀၄.၀၈၄ သန်း၊ ဆန်ကွဲတန်ချိန် ၁၃၂၀၅၃.၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃.၃၆၄ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၉၃၇၇၄.၆၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း 1၄၇.၄၄၈ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။

 ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၅၀၁၇၅.၀၈၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ သော်လည်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁.၇၄၈သန်း လျော့နည်းကြောင်း၊ ယခင်နှစ်၌ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆန်တစ်တန်လျှင် ပျမ်းမျှစျေးနှုန်းမှာ ၃၉၈ ဒေါ်လာနှင့် ဆန်ကွဲ တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၃၂၅ ဒေါ်လာရှိပြီး ယခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှစျေးနှုန်း ၆၀ ဒေါ်လာခန့် စျေးနှုန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် ၃၂၈၂၂.၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆.၇၁၉ သန်း ပိုမိုတင်ပို့ခဲ့သည်ကိုသိရှိရပါသည်။

 မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၈၀ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၂၂၀၀ကျပ်မှ ၃၃၆၀၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၈  ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၅၅ ကျပ်နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

 တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့်မုံရွာမြို့တွင် ၂၂၀၀ ကျပ်ဖြင့် အမြင့်ဆုံးစျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီးစစ်တွေမြို့တွင် ၁၀၅၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

Trading Economics Websiteတွင်ဖော်ပြချက်အရယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်စျေးနှုန်းမှာယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၁.၀၄ ရာခိုင်နှုန်းစျေးနှုန်းကျဆင်းခဲ့ကြောင်းသိရှိရပါသည်။ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ ပထမပတ်တွင် နိုင်ငံတကာဆန်စျေးနှုန်းများတွင် အတက်/အကျပြောင်းလဲမှုများရှိသကဲ့သို့မြန်မာနိုင်ငံတွင်လည်းဆန်စျေးနှုန်းများအတက်/အကျပြောင်းလဲမှုများဖြစ်ပေါ်နေသည်ကိုလေ့လာသုံးသပ်တင်ပြအပ်ပါသည်။