Main menu

Background

ကုလားပဲဈေးအနည်းငယ်ခိုင်မာ

Wed, 11/10/2010 - 09:44 -- Anonymous (not verified)

ကုလားပဲဈေးအနည်းငယ်ခိုင်မာ        အိန္ဒိယပြည်တွင်းဈေးကွက်တစ်ချို့မှာ ကုလားပဲဈေးငြိမ်နေပေမဲ့ တချို့ဈေးကွက်မှာတော့ ဈေးခိုင်မာနေတာ တွေ့ရပါတယ်။ ဝယ်လိုအားတက်လာတာရယ်၊ လက်ငင်းဈေးကွက်တွေမှာ လက်ကျန်လျော့ လာတာရယ်ကြောင့် ဈေးမာနေတာဖြစ်ပါတယ်။ ဆောင်းကုလားပဲ စိုက်ပျိုးမှုအနေနဲ့ မဟာရပ်ရှတရာမှာ စတင်နေပြီဖြစ်ပြီး အခြား အဓိကစိုက်ပျိုးတဲ့ ပြည်နယ်တွေမှာလည်း စိုက်ပျိုးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ လက်ရှိရာသီအတွင်း ကုလားပဲစိုက်ဧရိယာဟာ ယခင် နှစ်ထက် ပိုမိုဖွယ်ရှိတယ်လို့ ဈေးကွက်က မျှော်လင့်လျက်ရှိပြီး ပဲ အထွက်လည်းကောင်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ ကာလတို အတွင်းမှာတော့ ကုလားပဲဈေးကျဆင်းဖွယ်ရှိတယ်လို့ သုံးသပ်ကြပါ တယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂                                                                                                             ဒေါ်လာ/တန်ဈေးကွက်      ၃ .၁၁ .၁ဝ         ၂ .၁၁ .၁ဝ             ၁ .၁၁ .၁ဝ                  ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း          ၅၆၁-၅၆၄         ၅၆ဝ-၅၆၂               ၅၆၅                         ၅၅၂-၅၅၅ဒေလီ             ၅၃၉-၅၄၁         ၅၃၅-၅၃၆               ၅၃၂                         ၅၂၈-၅၃၁ကန်ပါ                 ၅၂၈               ၅၂၇                   ၅၃၁                         ၅၃ဝ-၅၃၁