Main menu

Background

နှစ်ပတ်အတွင်း စတော့ရှယ်ယာ တန်ဖိုး  ကျပ်သန်း ၄၀ဝ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့

Mon, 01/09/2023 - 13:48 -- journal_editor

ပြီးခဲ့သည့် ‌ဒီဇင်ဘာ ၁၅ ရက်မှ ၂၈ ရက်အထိ နှစ်ပတ်တာ ကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၀ဝ နီးပါးရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX)  မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၅၂၆၂၂ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၃၈၀ ဒသမ ၃၆ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့်First Myanmar Investment (FMI)  က အစုရှယ်ယာ ၃ယ၃၈၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၉ ဒသမ ၈၆ သန်း၊ Myanmar Thilawa SEZ Holdings Public (MTSH) က အစု ရှယ်ယာ ၁၃၅၅၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၃ ဒသမ ၈၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB)  က  အစုရှယ်ယာ ၃၀၂၁၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၃၈ ဒသမ ၆၅ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ ၃၁၉၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၉ ဒသမ ၇၉ သန်း ရရှိခဲ့ သည်။
ထို့အတူTMH Telecom Public (TMH)  က အစုရှယ်ယာ ၁၅၆၈ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄ ဒသမ ဝ၈ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၄၀၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ဝ၉ သန်း၊Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၂၉၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၄၇ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပန်းဆု