Main menu

Background

ရွှေဘိုခရိုင်၏ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်

Tue, 04/25/2023 - 12:21 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု  ရှိစေရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိတ်ဘက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ  ခန့်အပ်ထားသော စစ်ဆေးရေး အရာရှိများက  ဦးဆောင်၍  လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
ရွှေဘိုခရိုင်အနေဖြင့် မတ်လအတွင်း ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် အနောက်ဈေးရပ်၊ အမှတ် (၄) ရပ်ကွက်၊ ရွှေဘိုမြို့ရှိ   မုန့်မျိုးစုံအရောင်းဆိုင် နှစ်ဆိုင်သို့ လည်းကောင်း၊ ခရိုင်ဦးစီးမှူး ဦးဆောင်၍  ဝန်တော်အိမ်ရပ်၊ အမှတ် (၈) ရပ်ကွက်၊  ရွှေဘိုမြို့ရှိ   ဆေးနှင့် ဆေးပစ္စည်း  အရောင်းဆိုင်နှင့် သူဇာရပ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘို မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်သို့လည်းကောင်း  ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာ၌ မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချသည့် မုန့်များသည်  ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်  ပြည့်စုံမှုရှိသည့်အပြင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် တားမြစ်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် အကြောင်းများကို အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေး အသိပညာပေး  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။     
နှင်းနှင်းခိုင်(ရွှေဘို)