Main menu

Background

စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များ၏ ဈေးနှုန်းများ

Tue, 05/09/2023 - 13:59 -- journal_editor

၂၀၂၃ ခုနှစ် မေလ ပထမပတ်အတွင်း စစ်တွေမြို့မဈေး အတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀ မှ ၉၀ဝ၀ဝ အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၇၁၀ဝ၀ မှ ၇၃၀ဝ၀ အတွင်း၊ ငစိန် ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ် ၆၂၀ဝ၀ မှ ၆၃၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ် အိတ်လျှင် ကျပ် ၆၀ဝ၀ဝ မှ ၆၂၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) ၁၀ ပိဿာ တစ်အိတ်လျှင်  ကျပ် ၅၃၀ဝ၀ မှ ၅၅၀ဝ၀ အတွင်း၊ ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ မှ ၂၀ဝ၀ဝ အတွင်း၊ ချင်း တစ်ပိဿာလျှင် ကျပ်  ၄၀ဝ၀ မှ ၄၂၀ဝ အတွင်း၊ ငရုတ်သီးခြောက်(အိန္ဒိယ) တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ မှ ၁၅၀ဝ၀ အတွင်း၊ ငရုတ်သီးခြောက် (ဒေသ ထွက်) တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ မှ ၁၉၀ဝ၀ အတွင်း၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ မှ ၂၀ဝ၀ အတွင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ မှ ၁၈၀ဝ အတွင်း၊ စားအုန်းဆီ  တစ်ပိဿာလျှင်  ကျပ် ၇၃၀ဝ မှ ၇၅၀ဝ အတွင်း၊ ဝက်သား တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀ မှ ၂၄၀ဝ၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ၀ မှ ၂၄၀ဝ၀ အတွင်း၊ ငရုတ်သီးစိမ်း(ဒေသထွက်) တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ မှ ၂၅၀ဝအတွင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး ဧပြီလ အတွင်း  အရောင်းအဝယ်  ဖြစ်ပေါ်ခဲ့သော  ဈေးနှုန်းထက် မေလပထမပတ်အတွင်း အခြေခံစားကုန်များ မြင့်တက်လာ ကြောင်း ဈေးဆိုင်/ ပွဲရုံများထံမှ သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန (သတင်း/နည်းဌာနခွဲ)