၂ဝဝ၈ ခုနှစ် ဇူလိုင်လနောက်ပိုင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကို ရောက်ခဲ့ ချီကာကို ပဲပုပ်ဆီအပါအဝင် အခြား စိုက်ပျိုးရေး ထွက်ကုန်များကို အမြောက်အမြားဝယ်ယူလာကြတာကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၂၈ လ နီးပါးအတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ဆိပ်ကမ်းများမှာ စားအုန်းဆီ လက်ကျန်လျော့ကျနေပြီဆိုတဲ့ ဒေလီယံကုန်စည်ဒိုင်သတင်းများကလည်း စားအုန်းဆီ ကြိုပွိုင့်ဈေးကို မြင့်တက်စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်အခြေခံဈေးဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁ဝ၈၈) ဖြစ်ခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နောက်ပိုင်းမှာ အမြင့်ဆုံးဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဆိပ်ကမ်းများမှာ လက်ကျန်ပမာဏဟာ တန်ချိန် ၂၁ဝဝဝဝ ဝန်းကျင်သာရှိပြီး ယခင်နှစ်ထက် သိသိသာသာကျဆင်းခဲ့တယ်လို့ China Securities Journal မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှု ကျဆင်းခြင်းက ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ဈေးနှုန်းလည်းလိုက်ပါမြင့်တက်နေတယ်လို့ ကွာလမ်လာပူ အခြေစိုက် ကုန်သည်များက ဆိုပါတယ်။ မလေးရှား စားအုန်းဆီအခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၄၅ဝ (ကန်ဒေါ်လာ ၁၁၁၇) ထိမြင့်တက်နိုင်ဖွယ်ရှိတယ်လို့ လည်း ၎င်းကခန့်မှန်းပြောကြားပါတယ်။ လက်ငင်းဈေးကွက်မှာ ဒီဇင်ဘာပို့ရမယ့် Palm olein ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၂ဝ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာလည်း တစ်တန်ကို ရင်းဂစ် ၈ဝ မြင့်တက်ပြီး ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁ဝ၈၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ှSources: palmoil hq. com
Background