Main menu

Background

မွေးမြူရေးစခန်းများကို အခြေခံ၍ အစာထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်

Mon, 11/15/2010 - 09:37 -- Anonymous (not verified)

 မွေးမြူရေးစခန်းများကို အခြေခံ၍ အစာထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်    ပြည်ပပညာရှင်များလာရောက်သင်ကြားပြသပေးမည့် မွေးမြူရေးစခန်းနေရာများကို အခြေခံ၍အစာ ထုတ်လုပ်နည်း သင်တန်းကို ရွှေပြည်သာမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် နိုဝင်ဘာလ ၂၄ ရက်တွင်စတင် ဖွင့်လှစ်မည်ဖြစ်သည်။    '' မွေးမြူရေးနေရာစခန်းများကို အခြေခံတဲ့ အစာထုတ်လုပ်နည်းသင်တန်းကို ဖိလစ်ပိုင်နိုင်ငံက ပညာရှင် ၂ ဦးက လာရောက်သင်ကြားပေးမှာပါ။ အဲဒီသင်တန်းအတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက ဝန်ထမ်း ၁ဝ ယောက်နဲ့ မြန်မာနိုင်ငံငါးမွေးမြူရေးအသင်းက ၁ဝ ဦးစုစုပေါင်း ၂ဝ ဦးကို အခမဲ့တက်ရောက်ခွင့် ပြု မှာပါ'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။      အဆိုပါသင်တန်းသို့ တက်ရောက်လိုသည့် ငါးမွေးမြူရေးအသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ရေချိုငါးမွေးမြူရေးအသင်းတို့ရှိ ဖုန်းနံပါတ် ၆၈၃၆၅၈ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ယင်းသင်တန်းကို အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့မှုဖြင့် ဖွင့်လှစ်သည်ဟုဆိုသည်။                                        ခင်မျိုးသွယ်