Main menu

Background

ရေထွက်ကုန်တင်ပို့မှု မနှစ်ကထက် ဝင်ငွေပိုများလာ

Mon, 11/15/2010 - 09:53 -- Anonymous (not verified)

ရေထွက်ကုန်တင်ပို့မှု မနှစ်ကထက် ဝင်ငွေပိုများလာ         ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်း၊ ဒေါ်လာဈေးနိမ့်ကျနေ ခြင်းတို့ကြောင့် တင်ပို့သူများအတွက် အခက်အခဲရှိနေ သော်လည်း ရေထွက်ကုန်တင်ပို့သူများ အနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှုများခဲ့သဖြင့် ဝင်ငွေပိုများ သည့် အနေအထားရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       '' ဂျပန်ကလည်း ယန်းငွေတွေချ ၊ အမေရိကန်ကလည်း ငွေဈေးတွေချပြီး သူတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ကို တိုးနိုင်အောင်စီစဉ်နေပုံရတယ်။ ဒါကြောင့် ဒေါ်လာဈေးကအတော်ကျနေပြီး ပြည်တွင်းက တင်ပို့သူတွေ တွက်ချေ မကိုက်တဲ့ အနေအထားကြောင့် အတားအဆီးတွေ ရှိနေသလိုဖြစ်နေပါတယ်။ သို့သော်လည်း ရေထွက်ကုန်တင်ပို့သူများအနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှု များခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ မနှစ်ကအောက်တိုဘာလအထိ ပြည်ပတင်ပို့မှုက ဝင်ငွေဒေါ်လာ ၂၅၁ ဒသမ ၆၈၇ သန်းဘဲ ရခဲ့ပေမဲ့ ဒီနှစ်မှာ အောက်တိုဘာလအထိ ရရှိငွေကဒေါ်လာ ၃၂၂ ဒသမ ၂၄၄ သန်းဖြစ်တဲ့အတွက် ဒေါ်လာသန်း ၇ဝ ကျော် ပိုရထားတဲ့အနေအထားရှိပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။       အဆိုပါ ရရှိငွေများမှာ မူဆယ်မှ ဒေါ်လာ ၄ဝ ဒသမ ၉၉၃ သန်း၊ မြဝတီက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်းက ဒေါ်လာ ၁၁ ဒသမ ၄၈၉ သန်း၊ စစ်တွေက ဒေါ်လာ ၄ ဒသမ ၁၂၂ သန်း၊ မြိတ်က ဒေါ်လာ ၅၆ ဒသမ ၁၉ဝ သန်း၊ မောင်တောက ဒေါ်လာ ၃ ဒသမ ဝ၇၆ သန်း၊ တမူးက ဒေါ်လာ ဝ ဒသမ ၁ဝ၉ သန်းနှင့် ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၂ဝ၁ ဒသမ ၆၅၂ သန်းတို့ ဖြစ်ကြောင်း သိရသည်။                                                                                                                                 ခင်မျိုးသွယ်