Main menu

Background

ဒုတိယဘဏ္ဍာရေးစွမ်းအားမြှင့်တင်မှုက ထွန်းသစ်စနိုင်ငံများအပေါ် ဖိအားပေး

Tue, 11/16/2010 - 04:22 -- Anonymous (not verified)

ဒုတိယဘဏ္ဍာရေးစွမ်းအားမြှင့်တင်မှုက ထွန်းသစ်စနိုင်ငံများအပေါ် ဖိအားပေး    အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ ဒုတိယအကြိမ် နိုင်ငံငွေကြေးလှည့်လည်မှု တိုးတက်ရေး (Quantitative Easing  သို့မဟုတ် QE 2) ကထွန်းသစ်စနိုင်ငံတွေအပေါ်မှာ ကြီးမား တဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေလိမ့်မယ်လို့ နိုဝင်ဘာလ ၆ ရက်ကျင်းပတဲ့စီမီနာတစ်ခုမှာ တရုတ်ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Zhu Guangyao  ကပြော ကြားကြောင်း Shanghai Securities News   မှာနိုဝင်ဘာလ ၈ ရက်က ဖေါ်ပြထားပါတယ်။ အင်အားနည်းနေတဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့ အတွက် ဒေါ်လာဘီလီယံ ၆ဝဝကို ဝယ်ယူမယ်လို့ နိုဝင်ဘာလ ၃ရက်နေ့ကအမေရိကန် ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။     အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခဟာ ပကတိ စီးပွာရေးမှာမတည်ရင်းနှီးငွေရဲ့ အခန်းကဏ္ဍ တိုးတက်မှုမရှိတဲ့အတွက်ကြောင့်သာ ဖြစ်ပြီး ငွေဖြစ်လွယ်မှု မလုံလောက်လို့ဖြစ်ရတာ မဟုတ်ကြောင်း Zhu  က ပြောကြားပါတယ်။       အသစ်ထပ်မံဆောင်ရွက်လိုက်တဲ့ ငွေဖြစ်လွယ်မှု စွမ်းဆောင်ချက်ကြောင့် အမေရိကန်စတော့ ဈေး ကွက်မှာဖေါင်းပွမှုဖြစ်လာနိုင်သလို ထွန်းသစ်စ ဈေးကွက်တွေထဲကို စီးဝင်လာနိုင်တယ်လို့ သူက သတိပေး ပြောကြားပါတယ်။ဒါကြောင့် ဒီနိုင်ငံတွေ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်ပေါ်စေနိုင် ပါတယ်။ ဒီနိုင်ငံအများစုက ငွေကြေးစီးဝင်မှုကို ကန့်သတ်မဲ့ အစီအမံတွေကို ဆောင်ရွက်ရတော့ မယ်လို့ Zhu  က ပြောကြားးပါတယ်။          ဒုတိယအကြိမ်ဆောင်ရွက်တဲ့ QE 2  ရဲ့ အကျိုးဆက်ကြောင့်ဖြစ်လာမဲ့ ငွေဖြစ်လွယ်မှု ကြီး ထွားမှုက တရုတ်ဘရာဇီးအပါအဝင် ထွန်းသစ်စ နိုင်ငံတွေကို စီးဝင်လာမှာကို တရုတ်စီးပွားရေး ပညာရှင်တွေက စိုးရိမ်နေပါတယ်။     Source : chinadaily.com.cn