Main menu

Background

တောင်ငူမြို့တွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးဈေးတက်ပြီး မြေပဲဆန်ဈေးကျ

Mon, 11/20/2023 - 10:57 -- journal_editor

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များ၏ နိုဝင်ဘာ ဒုတိယနှင့် တတိယပတ်ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါသည်။ မြေပဲဆီမှာ တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ဖြင့် ဈေးနှုန်း တည်ငြိမ် နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ ဖြင့် ရောင်းချ လျက်ရှိသည်။
 ကြက်သွန်နီမှာတစ်ပိဿာလျှင် အသေး ကျပ် ၃၂၀ဝ၊ အလတ် ကျပ် ၃၅၀ဝ ၊ အကြီး ကျပ် ၄၀ဝ၀ နှင့်တရုတ်ကြက်သွန်နီ ကျပ် ၄၀ဝ၀၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေးမှာ ကျပ် ၁၁၀ဝ၀ ၊ အလတ် တစ်ပိဿာလျှင်ကျပ်  ၁၂၀ဝ၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင် တစ်ပတ်က ကြက်သွန်ဖြူ အကြီး  ကျပ် ၁၃၀ဝ၀၊ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၁၄၂၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာ လျှင် အကြီး ကျပ် ၁၄၀ဝ၀၊ တရုတ်ကြက်သွန်ဖြူ ကျပ် ၁၄၅၀ဝ ဖြင့် ဈေးတက်လာသည်။
အာလူးမှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် အသေး ကျပ် ၂၄၀ဝ၊ အလတ် ကျပ် ၂၈၀ဝ၊ အကြီး ကျပ် ၃၂၀ဝ၊ တရုတ်အာလူး ကျပ် ၃၂၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် အသေး ကျပ် ၂၈၀ဝ၊ အလတ် ကျပ် ၃၂၀ဝ၊ အကြီး ကျပ် ၃၅၀ဝ၊ တရုတ်အာလူး ကျပ် ၄၀ဝ၀ ဖြင့် ဈေးတက်လာသည်။
ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀  မှ ၁၈၀ဝ၀ ၊ ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင်ကျပ်  ၂၃၀ဝ၀ မှ ၂၅၀ဝ၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေသည်။ 
မြေပဲဆန်(အနီ)မှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ရှိရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၆၀ဝ၊ မြေပဲ ဆန် (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ကျပ် ၇၄၀ဝ ရှိရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၆၀ဝ ဖြင့် ဈေးကျဆင်းပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင်ကျပ်  ၆၂၀ဝ ဖြင့် ဈေးနှုန်းတည်ငြိမ် နေကြောင်း သိရသည်။                      

 

 သင်းသင်းအေး (တောင်ငူ)