Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 01/01/2024 - 13:26 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်း သို့ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊  ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊  အုတ်ဖိုနှင့် ရှမ်း ပြည်နယ်တို့မှ  ဟင်းသီးဟင်းရွက်နှင့်   သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရသည်။ 
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း  ခရမ်း ချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊  ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀ဝ မှ ၁၈၀ဝ အတွင်း၊ အာလူး (ပိဿာ)ကျပ်  ၂၅၀ဝ မှ ၂၈၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၄၅၀ဝ မှ ၅၀ဝ၀ အတွင်း ရွှေဖရုံ သီး(လုံး)ကျပ် ၉၀ဝ မှ ၅၄၀ဝ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်း၊   မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၈၀ဝ မှ ၄၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၁၁၀ဝ၀ မှ ၁၄၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ်  ၁၂၀ဝ၀ မှ ၁၃၀ဝ၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၈၀ဝ မှ ၄၀ဝ၀ အတွင်း၊  ဆလတ်ရွက် (စည်း) ကျပ် ၂၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၅၀ မှ ၁၂၀အတွင်း၊ ခရမ်းသီး(ရှည်) (ပိဿာ)ကျပ် ၈၀ဝ မှ ၁၂၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊   ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၃၅၀ဝ မှ  ၁၀ဝ၀ဝ အတွင်းဖြစ် ကြောင်း သိရသည်။ 
တညင်းကုန်းလက်ကား ဈေးကြီးအတွင်းသို့   ယခုရက် သတ္တပတ်အတွင်း  သံပရာသီးအလုံးပေါင်း ၁၇၉၃၇၅၀ ကျော်၊ ခရမ်းသီး(ရှည်) ပိဿာ ၃၁၇၇၅ ကျော်၊  ဘူးသီး အလုံးပေါင်း ၁၃၄၂၅ ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း ၅၁၅၀ ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း ၇၁၀ဝ၀ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၂၉၉၃၇ ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း ၉၃၀ဝ ကျော်၊ ဖရဲသီးလုံးပေါင်း ၃၀၆၃၃ ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။

 

လဲ့လဲ့စိုး(ရန်ကုန်)