ကြက်သွန်နီ
ယခုမေလကုန်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင် ရောက်မှု နည်းပါးလျက်ရှိပြီး သုံးရက်ခြား တစ်ကြိမ်သာ အဝင်ရှိကာ ပိဿာချိန် ၈၀ဝ၀ ခန့်ကို အောင်လံ၊ မကွေးတို့ ဘက်မှ အဝင်ရှိနေသည်။ အဝင်နည်းသည့်အတွက် ယခင် တစ်ပတ်ကတက် ဈေးအနည်းငယ်မြင့်တက်သွားပြီး အရောင်း အဝယ်မှာ ပုံမှန် အိတ်ဆွဲဝယ်လက်သမားများနှင့်သာ ရောင်း ဝယ်မှု ရှိနေသည်။
မေလကုန်တွင်ပြည်ဈေးကွက်၌ မုန်တိုင်းကြောင့် မိုးနှင့် အတူ အရောင်းအဝယ်အေးလျက်ရှိနေသည်။ ဈေးနှုန်းအနေ ဖြင့် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ၂၂၀ဝ-၂၃၀ဝ -၂၄၀ဝ-၂၅၀ဝ နှုန်းတို့ရှိပြီး မြို့ပေါ်လက်လီ ဈေးများတွင် ကျပ် ၂၇၀ဝ၊၂၈၀ဝ-၂၉၀ဝ၊၃၀ဝ၀ ဈေးနှုန်းတို့ရှိ သည့်အတွက် ယခင်တစ်ပတ်ထက် ပျမ်းမျှ ကျပ် ၃၀ဝ ခန့် ဈေးမြင့်သွားကြောင်း သိရသည်။
ချင်း
ပြည်ချင်းပွဲရုံများသို့ ချင်းထွက်ရှိရာ ဒေသများတွင် မိုး အဆက်မပြတ်ရွာနေသောကြောင့် ချင်းများ အဝင်နည်းနေခဲ့ သည်။ ပြည်ပွဲရုံများတွင် ချင်းအဝင်နည်းနေသော်လည်း ဈေး နှုန်းမှာ မြင့်တက်မသွားဘဲ ဈေးငြိမ်နေသည်ကိုတွေ့ရသည်။ ယခုတစ်ပတ် ဈေးနှုန်းအနေဖြင့် ချင်း တစ်ပိဿာ အိတ်ဆွဲဈေး ကျပ် ၈၀ဝ၀ဖြစ်ပြီး သီးသန့် အချောတစ်ပိဿာ လျှင် ကျပ် ၁၀ဝ၀ဝ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ အရောင်းအဝယ်မှာ ခရိုင်အတွင်းရှိ ဈေးများတွင် ဝယ်လက် များနှင့် ဒေသတွင်း လက်လီသမားတို့ အဝယ်များခြင်းကြောင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ဝင်းလဲ့ဝါ၊ ဝင်းဝင်းခိုင်(ပြည်)