Main menu

Background

ရန်ကုန်ရွှေအသင်းရွှေဈေးနှုန်းကျပ်သိန်း၄၀ ဝန်းကျင်တွင်ရှိနေ

Mon, 06/03/2024 - 11:14 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းYGEA) မှ ထုတ်ပြန် လျက်ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ်သိန်း ၄၀ နီးပါးရှိပြီဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ YGEA) မှ သတ်မှတ်ထုတ် ပြန်ထားလျက်ရှိသည့် ရွှေဈေးနှုန်းမှာ မေလနောက်ဆုံးပတ်တွင် တစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးဖြင့် ဈေးတည်ငြိမ်လျက်ရှိသည်။
လက်ရှိတွင်YGEAအနေဖြင့် အကယ်ဒမီ မီးလင်းရွှေ ဈေးနှုန်းအား ကမ္ဘာ့ ရွှေဈေး၊ လိုင်စင်ရဘဏ်များ၏ ရည်ညွှန်းဈေးများဖြင့် တွက်ချက်ကာ ရည်ညွှန်းဈေး အား နေ့စဉ် ဖွင့်လှစ်ပေးလျက်ရှိသည်။  ပြင်ပဈေးကွက်တွင်း ဖြစ်ပေါ်နေသည့် ရွှေ ဈေးနှုန်း တည်ငြိမ်စေရေးအတွက်လည်း အသင်းရုံးတွင်  စုစုစည်းစည်းညီညီညွတ် ညွတ်ဖြင့် အရောင်းအဝယ်လုပ်ကိုင်ကြရန် နှိုးဆော်လျက်ရှိပြီး ရွှေဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး ထိန်းသိမ်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ 
ပြင်ပရွှေဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့်လည်း လက်ရှိတွင် ကောလာဟလ၊ အခြေအမြစ်မရှိသည့် သတင်းအမျိုးမျိုးကို အကြောင်း ပြကာ ရွှေဈေးနှုန်းကို ဆွဲတင်၊ ဆွဲချလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ် အကြောင်းအရင်းအမှန်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေး လျက်ရှိပြီး အရေးယူဆောင်ရွက်နေသည့်အတွက် ပြင်ပရွှေဈေးကွက်တွင် ရွှေဈေး ကစားခြင်းမပြုလုပ်ကြရန်YGEAက ပန်ကြားထားသည်။

ကိုတိုး