Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၈၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 06/03/2024 - 11:23 -- journal_editor

၂၀၂၄ ခုနှစ် မတ်နှင့် ဧပြီ နှစ်လတာကာလအတွင်း  အချက်အလက်များအရ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ် ဖြစ်မှုတန်ဖိုး ကျပ်သန်း ၈၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းYSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၂၇၉၀၈၇ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၀၆၁ ဒသမ ၈၈ သန်းရှိခဲ့သည်။    
အဆိုပါ နှစ်လတာကာအတွင်း ကုမ္ပဏီတစ်ခုချင်းစီ၏ အစု ရှယ်ယာရောင်းချ နိုင်မှုအနေဖြင့် First Myanmar Investment(FMI) က အစုရှယ်ယာ ၂၄၂၄ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၀၄ ဒသမ ၂၇သန်း၊Myanmar Thilawa SEZ Holdings Public (MTSH က အစုရှယ်ယာ ၁၂၀၂၄၃ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၄၄ဒသမ ၂၈ သန်းရရှိခဲ့ကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံ သားများဘဏ် (MCB) မှ အစုရှယ်ယာ အစောင်ရေ ၂၆၇၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၀၁၇ ဒသမ ၂၈ သန်း၊  ပထမပုဂ္ဂလိကဘဏ် (FPB) က အစုရှယ်ယာ အစောင်ရေ ၅၉၁၁၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် တန်ဖိုး ကျပ် ၈၇ ဒသမ ၉၈ သန်းရှိခဲ့သည်။
ထို့အတူTMH Telecom Public(TMH) က အစုရှယ်ယာ ၄၃၁၆ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ၉၅၈ သန်းရရှိခဲ့သည်။ ယင်းအပြင် Amata Holding Public Co.Ltd (AMATA)) က အစုရှယ်ယာအစောင်ရေ ၃၂၃၇ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၀၈၄ ဒသမ ၃၇သန်း၊Myanmar Argo Exchange Public Co.Ltd(MAEX) က အစုရှယ်ယာစောင်ရေ ၅၆၆၈၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့်  ကျပ် ၁၀၂ ဒသမ ၇၈ သန်း  စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။                                                                                            

    ကိုတိုး