ရော်ဘာ
မေ ၁ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈၈၂ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၇၃၀ဝ ကျော် တင်ပို့ကြောင်း သိရသည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၈၂၇၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၆၇၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၁၉၀၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၀ဝ၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၃၆၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၃၁၅ တန်၊ ထိုင်ဝမ်သို့ ရော်ဘာတန်ချိန် ၂၀ဝ၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် နှင့် သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း ရော်ဘာတန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။
မေ ၁ရက်မှ ၂၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်းမှ ရော်ဘာတန်ချိန် ၁၆၁၀ ကျော်နှင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ရော်ဘာ ၅၁၆ တန် တင်ပို့သဖြင့် စုစုပေါင်း ရော်ဘာတင်ပို့မှုတန်ချိန် ၂၁၂၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၉၃၂ သန်းရရှိသည်။ နည်း လမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန်ချိန် ၁၉၄၂၀ ကျော်ရှိပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၂၆ ဒသမ ၈၁၄ သန်းရရှိသည်။
ပြောင်း
မေ ၁ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ် လာ ၆၈ ဒသမ ဝ၆၂သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၃၀၂၇၉၀ ကျော် တင်ပို့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၁၁၅၁၄၀ကျော်၊ အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် ၁၁၁၃၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၇၆၃၂၀ နှင့် စင်ကာပူနိုင်ငံသို့ ပြောင်းတန်ချိန် အနည်းငယ် တင်ပို့သည်။
မေ ၁ ရက်မှ ၂၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၈၇ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၇၂၈၅၀ ကျော်တင်ပို့သည်။ နည်းလမ်းနှစ်သွယ်မှပြောင်းတင်ပို့မှု တန်ချိန် ၃၇၅၆၄၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၃၄၉ သန်းရရှိကြောင်း သိရ သည်။
DAAT