မြဝတီကုန်သွယ်ရေးဇုန်၏ မေ ၁၈ ရက်မှ ၂၄ ရက်ထိ လုပ်ငန်းဆောင်ရွက်မှု မှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆၂ သန်း၊ သွင်းကုန် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၂၀၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၇ ဒသမ ၆၆၈ သန်းဖြစ်သည်။
အနီးစပ်ဆုံး ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်း တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ဝ၃၈ သန်း လျော့နည်းပြီး သွင်းကုန် ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ် မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၀ သန်း ပိုမိုခဲ့ခြင်း ဖြစ်သည်။ ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်းတွင် လျော့နည်းခြင်းမှာ သတ္တုတွင်းထွက် ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်း အုပ်စုတို့တွင် တင်ပို့မှုပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုတို့တွင် တင်ပို့မှုလျော့နည်းခဲ့ ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်အနေဖြင့် ယခုတစ်ပတ်တွင် ပိုမိုရခြင်းမှာ ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၃၁ သန်း လျော့နည်းခဲ့သော်လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန် ဒေါ်လာ သုည ဒသမ ၃၃၅ သန်း ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။
အိမ့် (DOT)