Main menu

Background

ရာသီပေါ်သီးနှံ လိုင်ချီးသီးဈေးကွက်

Mon, 06/03/2024 - 14:06 -- journal_editor

ကချင်ပြည်နယ်  မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့နယ်များတွင် စိုက်ပျိုးရေးခြံများနှင့် အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်   စိုက်ပျိုးထားသော လိုင်ချီးသီး (ဒေသအခေါ် တရုတ်ဆီး သီး/လေချူသီး)များ မေလမှစတင်၍ ပေါ်ထွက်နေပြီဖြစ်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ 
ကချင်ပြည်နယ်  ဒေသများတွင် စိုက်ပျိုးထားသော   လိုင်ချီးသီးများမှာ အခွံထူ အစေ့ကြီး အသားပါး အချဉ် ဓာတ်ကဲသော အမျိုးအစားနှင့် အခွံပါး အစေ့သေး  အသားထူ   ချိုမွှေးသော အမျိုးအစားဟူ၍   နှစ်မျိုးရှိသည်။ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနှင့် ဗန်း‌မော်မြို့နယ် ၁၇ မိုင်အောင်မြေကျေး ရွာမှ ထွက်ရှိ‌သော လိုင်ချီးသီးသည် စား သုံးသူများ နှစ်ခြိုက်သောကြောင့် ဈေး ကွက်အတွင်း ပိုမိုအရောင်းသွက်လျက် ရှိသည်။ 
လက်လီဈေးကွက်တွင် အခွံပါး အစေ့သေး   အသားထူ   လိုင်ချီးသီး အလုံး ၅၀ ပါ တစ်တွဲလျှင် ကျပ် ၂၅၀ဝ မှ ၃၀ဝ၀၊  အခွံထူ အစေ့ ကြီး အသားပါး လိုင်ချီသီး အလုံး ၅၀ ပါ  တစ်တွဲလျှင် ကျပ် ၂၀ဝ၀ တို့ဖြင့် ရောင်းချလျက်ရှိ သည်။ သီးနှံကုန်သည်များအနေဖြင့် အပင်ပြတ်  ဝယ်ယူမှုရှိသလို အလုံး လိုက် လက်ကား ဝယ်ယူမှုများလည်းရှိ ပြီး   အပင်ပြတ်ဝယ်ယူရာတွင် အသီး အမျိုးအစားနှင့်   အသီးပါရှိမှုပေါ်  မူ တည်၍ တစ်ပင်လျှင်  ကျပ် ၁၅၀ဝ၀ဝ မှ ၂၂၀ဝ၀ဝ၊ အလုံး လိုက်ဝယ်ယူရာတွင် အသီးအမျိုးအစားပေါ်မူတည်၍ လက် ကားဈေး တစ်လုံးလျှင် ကျပ် ၄၀ ကျပ်မှ ၅၅ ကျပ်အထိ ဝယ်ယူလျက်ရှိသည်။ 
လိုင်ချီးသီးများကို ဒေသတွင်း ဈေးများ၊ သစ်သီးဆိုင်များတွင် လက်လီ ရောင်းချလျက်ရှိသကဲ့သို့   ဖားကန့်၊ မိုးညှင်း၊ တနိုင်းနှင့်   မန္တလေးဈေးကွက် များသို့လည်း  တင်ပို့လျက်ရှိသည်။ ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ လိုင်ချီးသီးအထွက်နှုန်း  အနည်းငယ် လျော့ကျခဲ့သော်လည်း ယခင်နှစ် ထက် ဈေးပိုရသောကြောင့် စိုက်ပျိုးရောင်းချ သောသူများအနေဖြင့်  ဝင်ငွေ ပိုမိုရရှိ ကြောင်း သိရသည်။

ရာမျိုး (ကချင်)