ကချင်ပြည်နယ်အတွင်း ဆီနေကြာများ စိုက်ပျိုးသူများအား ပြည်နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့် ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ ဆီနေကြာမျိုးစေ့၊ သွင်းအားစုများ ပံ့ပိုး ကူညီပေးလျက်ရှိသလို စိုက်ပျိုးနည်းပညာများလည်း ဖြန့်ဝေပေး လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီ နေကြာစိုက်ဧက ၁၁၅၃၅ ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီ နေကြာ စိုက်ဧက ၁၂၆၈၂ အထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန၏ စာရင်းအရသိရသည်။
ဆီနေကြာစိုက်ပျိုးရာ၌ စပါးရိတ်သိမ်းပြီး လယ်ယာမြေများ တွင် စိုက်ပျိုးခဲ့ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာကျပ် ကျပ် ၆၉၀ဝ၀ဝ ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် ဆီနေကြာတစ်ဧကလျှင် ၁၆ ဒသမ ၇၀ တင်း ထွက်ရှိကြောင်း သိရသည်။
ဒေသတွင်းစိုက်ပျိုးထွက်ရှိသော ဆီနေကြာများကို စိုက်ပျိုး တောင်သူများအနေဖြင့် စားသုံးဆီဖူလုံရန် နေကြာဆီအဖြစ် ကြိတ် ခွဲကြပြီး ဆီနေကြာ သုံးတင်းလျှင် နေကြာဆီ ၁၀ ပိဿာခန့်ထွက်ရှိ ကြောင်း၊ နေကြာဆီ တစ်ပိဿာလျှင် လက်ရှိ ပေါက်ဈေး ၁၄၀ဝ၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဆီလုပ်ငန်းရှင်များက လည်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၄၄၀ဝ၀ ဖြင့် ဝယ်ယူလျက်ရှိ ကြောင်း၊ နေကြာစိုက် တောင်သူများအနေဖြင့် စားသုံးဆီဖူလုံပြီး အပိုဝင်ငွေရရှိသောကြောင့် နောင်နှစ်များတွင် ပိုမိုစိုက်ပျိုးသွား မည်ဟု နေကြာစိုက်တောင်သူထံမှ သိရသည်။
အိမွန်(ကချင်)