Main menu

Background

အမေရိကန်ဒေါ်လာ အားကောင်းလာခြင်းက အာရှအစိုးရများအား ငွေကြေးကာကွယ်ရေးကို မြှင့်တင်ရန် တွန်းအားပေးနေ

Tue, 06/04/2024 - 10:58 -- journal_editor

အာရှတိုက်ရှိ  အစိုးရများသည် ယခုနှစ်အတွင်း အင်အား ကြီးမားသော အမေရိကန်ဒေါ်လာကြောင့် တန်ဖိုးကျဆင်းခဲ့ရသည့် ၎င်းတို့၏ငွေကြေးများကို ဆက်လက်ကျဆင်းမှုရပ်တန့်ရန် ပိုမိုလုပ် ဆောင်လျက်ရှိကြသည်။
အမေရိကန် စီးပွားရေး၏ အားကောင်းမှုနှင့် ၎င်း၏ ကာလ ကြာရှည်လေ၊ ပိုမိုမြင့်မားလေဖြစ်သော အတိုးနှုန်းထားများက  အာရှ ငွေကြေးများကို အားနည်းစေလျက်ရှိရာ အာရှမူဝါဒချမှတ်သူများက နှုတ်ဖြင့် သတိပေးချက်များ ထုတ်ပြန်ခြင်းမှသည် အတိုးနှုန်းမြှင့်တင် ခြင်းအထိ အမျိုးမျိုးသော  အတိုင်းအတာများဖြင့် တုံ့ပြန်လျက် ရှိကြ သည်။  ၎င်းတို့၏ပြည်တွင်းငွေကြေးကို ဝယ်ယူခြင်းဖြင့် ကြားဝင်စွက် ဖက်သည်ဟုပင် အချို့သောသူများက ယုံကြည်ကြသည်ဖြစ်ရာ ဗဟို ဘဏ်၏ ယုံကြည်စိတ်ချရမှုကို နှောင့်ယှက်နိုင်သည့် လှည့်စားမှုတစ်ခု ဖြစ်သည်။
ယခင်လ အချက်အလက်များက ယန်းငွေအပေါ် ကြီးစွာသက် ရောက်စေခဲ့သောကြောင့် မေ ၁၅ ရက်တွင်  ထွက်ပေါ်လာသော  ဧပြီလအတွက် အမေရိကန်၏ စားသုံးသူဈေးနှုန်း  အညွှန်းကိန်း အပေါ်  ငွေကြေးဆိုင်ရာ လေ့လာဆန်းစစ်သူများသည် အာရုံစိုက်နေ ကြသည်။
မကြာသေးမီက အမေရိကန်၏  စီးပွားရေးနှင့် လယ်ယာမှ မဟုတ်သော ဝင်ငွေအချက်အလက်အချို့တို့မှာ အားနည်းနေသဖြင့် အာရှနိုင်ငံများ ခေတ္တအသက်ရှူချောင်ခဲ့ကြသည်။ သို့ရာတွင် ၎င်း အချက်အလက်များ သက်သက်ဖြင့် ဒေါ်လာဈေး ကျဆင်းစေမည်     မဟုတ်ကြောင်း၊ အမေရိကန်ငွေကြေးဖောင်းပွမှုဒေတာက   ဒေါ်လာ- အာရှငွေကြေးများအတွက် နောက်ထပ်လှုပ်ရှားမှု ကိုဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း စင်ကာပူ Maybank ၏   အကြီးတန်း ငွေကြေးဗျူဟာ မှူး Fiona Lim က မှတ်ချက်ပြုသည်။
အနာဂတ် ဗဟိုအတိုးနှုန်း (Federal funds rate futures) ကို ခြေရာခံလေ့ရှိသည့် tracker CME FedWatch toolအရ လာမည့် ဇွန်လတွင်ကျင်းပမည့်   Federal Open Market Committeeအစည်း အဝေးအပြီးတွင် US နှုန်းထားဖြတ်တောက်ရန် အခွင့်အလမ်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဇူလိုင်လ အစည်းအဝေးတွင် ၃၃ ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းနေကြသည်။ 
ခန့်မှန်းထားသည်ထက် ပိုမိုအားကောင်းသော အမေရိကန် စီးပွားရေးကြောင့် ဂျပန်ယန်းငွေမှာ ထိခိုက်မှုအရှိဆုံး အာရှငွေကြေး များထဲမှ တစ်ခုဖြစ်လာသည်။ တရားဝင် အချက်အလက်များ ထုတ် ပြန်ခြင်းမရှိသေးသော်လည်း  ဂျပန်အစိုးရက  ၎င်း၏ငွေကြေးကို  ဧပြီ ၂၉ ရက်နှင့် မေ ၁ ရက်တို့ တွင် နှစ်ကြိမ်ကြားဝင်စွက်ဖက်ခဲ့ပုံရကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
ပထမဆုံး သံသယဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်မှုမတိုင်မီက တစ်ဒေါ်လာလျှင် ယန်းငွေ ၁၆၀ ကို ကျော်လွန်သွားခဲ့ပြီး  ၃၄  နှစ် အတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားခဲ့သည်။ ထိုသို့ ယန်းငွေ၏ ကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာနှင့် ဂျပန်ယန်းငွေတို့ကြား  အကြမ်းဖျင်း ၅ ရာခိုင်နှုန်း ကွာဟသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်တွင် ဂျပန်ယန်းငွေ  ၉ဒသမ၄ ရာခိုင်နှုန်း ကျဆင်းသွား ကာ တစ်ဒေါ်လာလျှင် ၁၅၅ ယန်း အကွာအဝေး၌သာ အတက်အကျ ဖြစ်နေကြောင်းRefinitiv၏အဆိုအရ သိရသည်။ ပိုမိုများပြားလာ သော ဒေါ်လာရောင်းချမှုနှင့် ယန်းငွေဝယ်ယူမှုကြားတွင် အမေရိကန် မှ ကျောထောက်နောက်ခံ မပြုသောကြောင့် ဂျပန်အတွက်ခက်ခဲ ကြောင်း Mizuho Securities မှ  chief desk strategist  ဖြစ်သူ Shoki Omori  က ပြောကြားခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးJanet Yellenက ဂျပန်မှ  ကြား ဝင် စွက်ဖက်ခြင်း ရှိ၊ မရှိကို မှတ်ချက်မပေးသော်လည်း အဆိုပါ ကြား ဝင်ဆောင်ရွက်မှုများသည် ရှားရှားပါးပါးဖြစ်ပြီး ညှိနှိုင်းမှုပြုလုပ်ရန်  မျှော်လင့်ထားကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ် Bank of Japan ၏ ဧပြီလ ငွေကြေးမူဝါဒ အစည်းအဝေးမှ သဘောထားအမြင်အကျဉ်းချုပ် ထုတ်ပြန်ချက်တွင် အုပ်ချုပ်ရေးမှူးKazuo Ueda  ၏ သဘောထားမှတ်ချက်များမှာ ယခင်ထုတ်ပြန်ချက်များနှင့် နှိုင်းယှဉ်ပါက ပျော့ပျောင်းမှုမရှိသည်ကို တွေ့ရသည်။
ဘုတ်အဖွဲ့ဝင်အချို့က နှုန်းထားများ အရှိန်မြှင့်နိုင်ခြေကို တွေး မြင်ခဲ့ကြပြီး BOJ  အနေဖြင့် ၎င်း၏ ငွေချေးစာချုပ်များ ဝယ်ယူမှုများကို လျှော့ချသင့်ကြောင်း အဖွဲ့ဝင်အများစုက အကြံပြုခဲ့ကြသည်။ 
သို့သော် Mizuho Securities ၏Omori က  ယန်း၏အားနည်း ချက်ကို ပြောင်းပြန်လှန်ရန်  ငွေကျည်ဆန်မရှိဟူသော အခြေခံများ မပြောင်းလဲမီအထိ ယန်းအပေါ်  ရေတိုလောင်းကြေးများ  ဆက်လက် ရှိနေဦးမည်ဟု မျှော်လင့်ထားသည်။ 
ယန်းငွေကို အရောင်းအဝယ်ပြုလုပ်နေမှုများမှာ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း၊ တိုးပေးသည်နှင့်တစ်ပြိုင်နက် အခြေ ခံ (၅၀) တိုးပေးရန်နှင့် ကာလတိုငွေချေးစာချုပ်ဝယ်ယူမှုကို လျှော့ချရ မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည်BOJ နှုန်းထား တိုးနိုင် ခြေအလားအလာကို ဇူလိုင်လတွင်  ၁၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် အောက်တိုဘာလတွင် ၂၅ ရာခိုင်နှုန်းကို မျှော်မှန်း၍  ဈေးနှုန်းသတ် မှတ်ထားကြောင်း ၎င်းကဆိုသည်။
တောင်ကိုရီးယားဝမ်ငွေ
တောင်ကိုရီးယားတွင် ဝမ်ငွေကျဆင်းမှုကို ရပ်တန့်ရန် ကြိုး ပမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် မတ်လမှစတင်၍ င်္သမနထ အရန်ငွေသည် ပြီးခဲ့သည့်လတွင် ဒေါ်လာ ၆ ဘီလီယံနီးပါး ကျဆင်း သွားခဲ့ကြောင်း တောင်ကိုရီးယားဘဏ်၏ အချက်အလက်များအရ သိရသည်။
၎င်း၏ နိုင်ငံခြားအရန်ငွေ ကျဆင်းမှုမှာ ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် ပြုလုပ်ခဲ့သည့်   အမျိုးသား  အငြိမ်းစားဝန်ဆောင်မှုနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်းကဲ့သို့သော ဈေးကွက်တည်ငြိမ်ရေး အစီ အမံများအပါအဝင် အချက်များစွာနှင့် ဆက်စပ်နေကြောင်း နိုင်ငံ၏ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်လက နှုတ်ဖြင့်သတိပေးပြီးနောက် ဒေါ်လာနှင့် ယှဉ် ပါက ဝမ်ငွေကြေး  အားကောင်းလာသောကြောင့်၊  ဝမ်ငွေ လျင်မြန် စွာ ကျဆင်းမှုကို တောင်ကိုရီးယားအစိုးရမှ ကူညီပေးခဲ့သည်ဟု ဈေး ကွက်များက ခန့်မှန်းလျက်ရှိကြောင်း ဆိုးလ်ရှိKorea Investment & Securities  မှ စီးပွားရေးပညာရှင် Moon Da Woon က ပြောကြား သည်။
ဧပြီလတွင်  တစ်နှစ်ခွဲခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာနှင့် ဝမ် လဲလှယ်နှုန်း ၁၄၀ဝ အထိ ရောက်ရှိလာ သည့်အခါ  ငွေကြေးလျင်မြန်စွာ ပြောင်းလဲမှုအား တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့က  နှုတ်ဖြင့် သတိပေးဝင် ရောက်စွက်ဖက်မှုပြုလုပ်ခဲ့သည်။
ထိုအချိန်မှစ၍ ဝမ်သည် အားကောင်းလာခဲ့ကာ  မကြာသေး မီက ငွေလဲနှုန်း ၁၃၆၆ ဒသမ၅၀  ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်ဟုRefinitiv အဆိုအရ သိရသည်။ Korea Investment & Securities မှ Moon  က  ယခုနှစ်ကုန်တွင် ဝမ်ငွေလဲနှုန်း  ၁၂၀ဝ ပြန်လည်အား ကောင်းလာမည်ဟု မျှော်လင့်ထားသည်။
အင်ဒိုနီးရှား  ရူပြား
အင်ဒိုနီးရှားနိုင်ငံတွင် ယခင်လအတွင်း ဗဟိုဘဏ်က ၎င်း၏ငွေကြေးကို  အတိုးနှုန်းအခြေခံ (၂၅) မြှင့်လျက်  ၆ ဒသမ၂၅ ရာခိုင် နှုန်းသို့ မမျှော်လင့်ဘဲ မြှင့်တင်ခဲ့သည်။
 အင်ဒိုနီးရှားဘဏ် အုပ်ချုပ်ရေးမှူး Perry Warjiyo က အချက် အလက်များအရ အတိုးနှုန်းကို လတ်တလော ထပ်မံမြှင့်တင်ရန် မရှိကြောင်း၊  တစ်ဒေါ်လာလျှင် ၁၆၀ဝ၀  ရူပြားအောက်အထိရှိစေ ပြီး၊ ငွေအားကောင်းအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ပတ်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းနောက် ရူပြားငွေလဲနှုန်းမှာ  အနည်းငယ်ပြန်လည်မြင့်တက် လာသော်လည်း ပြီးခဲ့သည့်လတွင် ကျဆင်းခဲ့သော လေးနှစ် အနိမ့် ဆုံးအဆင့်မှ  ပြန်လည်အားကောင်းလာခြင်း မရှိသေးသည်ကို တွေ့ရ သည်။  
အိန္ဒိယ  ရူပီး 
ယခင်လက တစ်ဒေါ်လာလျှင်   ၈၃ ဒသမ ၇၃၉ သို့ အနိမ့်ဆုံး နှုန်းအဖြစ် ကျဆင်းသွားသော်လည်း အိန္ဒိယရူပီးမှာ အတည်ငြိမ်ဆုံး အာရှငွေကြေးများထဲမှ တစ်ခုဖြစ်သည်။ 
အဆိုပါငွေကြေးကို အိန္ဒိယအရန်ငွေကြေးဘဏ်က အောက် တိုဘာလဆန်းပိုင်းမှစတင်၍  ကြီးကြီးမားမား  စီမံခန့်ခွဲခြင်းဖြင့် ကျဉ်းမြောင်းသော အကွာအဝေးဖြစ်သည့် ၈၃ ရူပီးတွင်  အရောင်း အဝယ်ဖြစ်စေလျက်ရှိကြောင်း၊ မလေးရှားနိုင်ငံမှလွဲ၍ အာရှတိုက်ရှိ ဗဟိုဘဏ်နှင့် ဒေသတွင်းဘဏ်များ အားလုံးတွင် သွင်းကုန်များ၏ ခြောက်လကျော်ကို ကာမိစေရန် နိုင်ငံခြား အရန်ငွေများရှိကြောင်း နှင့် ယင်းမှာ လုံလောက်သော အရန်ငွေ၏   သတ်မှတ်ချက်ဖြစ်  ကြောင်း စင်ကာပူနိုင်ငံရှိING မှ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဘောဂ ဗေဒပညာရှင် Rob Carnell ၏ အဆိုအရ သိရသည်။
မလေးရှား ရင်းဂစ်
ဖေဖော်ဝါရီလတွင် ၎င်း၏  ၂၆ နှစ်တာ အနိမ့်ဆုံးဖြစ်သော ၄ ဒသမ ၇၉၆၅ သို့ ကျဆင်းသွားပြီးနောက် မလေးရှားရင်းဂစ်သည် တစ်ဒေါ်လာလျှင် ၄ ဒသမ ၇၃၇  ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ဒေါ်လာတန်ဖိုး အားကောင်းခြင်းကြောင့် ရင်းဂစ်၏ အားနည်း နေခြင်းအပေါ် မလေးရှား၏ စာရင်းရှင် ပိုငွေပြမှု ကျဆင်းခြင်းနှင့် တရုတ်ယွမ်နှင့်  ခိုင်မာသော   ငွေကြေးဆက်နွှယ်မှုရှိနေခြင်းတို့ ကြောင့်လည်း ရင်းဂစ်ငွေကြေး ပိုမိုအားနည်းသွားခြင်းဖြစ်သည်။
ရင်းမြစ်၊ Nikki Asia (13-5-2024)

ဒေါက်တာရွှေစင်ကို