Main menu

Background

၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၃ သန်းခန့် ဘရာဇီး တင်သွင်းရနိုင်

Mon, 07/01/2024 - 16:02 -- journal_editor

အနောက်ကမ္ဘာခြမ်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အကြီး မားဆုံးဖြစ်သည့် ဘရာဇီးနိုင်ငံအနေဖြင့် ဆယ်စုနှစ် နှစ်ခုကာလ အတွင်း အမြင့်မားဆုံးပမာဏအဖြစ် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၃ သန်းအထိ တင်သွင်းရဖွယ်ရှိနေကြောင်း  သိရသည်။ 
ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်ရာ  ျွငသ ွမညေိန ိသ ှကူ နယ်မြေ ဒေသ၌ ရာသီဥတုဆိုးရွားမှုနှင့် ဒေသတစ်ခုလုံး ရေလွှမ်း နစ်မြုပ်ကြောင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ဘရာဇီးနိုင်ငံ၏ ဆန်ထွက်ရှိမှုမှာ တန်ချိန် ခုနစ်သန်းခန့်သာ ရှိနိုင်မည်ဟု အမေ ရိကန် စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လအတွက် ထုတ်ဝေသသည့်  ွမငေညါ် ျွှသမိူ ြမေုနအျ ညေိ ွှမေိန္လ မနစသမအ အစီရင်ခံစာ၌ ဖော်ပြခဲ့ ပြီးနောက် ယခုကဲ့သို့ အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။ 
ပြည်တွင်း၌ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့လာရနိုင်ခြေအပေါ် တုံ့ပြန်မှုအဖြစ် ဘရာဇီးအစိုးရသည် အချို့သော ဆန်အမျိုးအစား များ တင်သွင်းရာတွင် စည်းကြပ်သော အကောက်ခွန်နှုန်းထားများ ကို ၂၀၂၄ ခုနှစ် မေ ၂၁ ရက်မှ နှစ်ကုန်ဆုံးချိန်အထိ ဆိုင်းငံ့ထား ရှိခဲ့သည်။ ထို့အပြင် ယခုနှစ်အတွင်း ဆန်တန်ချိန် တစ်သန်းကို တင်သွင်းခွင့်ပြုမည်ဟု  အစိုးရက ကြေညာချက် ထုတ်ပြန်ထား သည်။ အဆိုပါ အစီအစဉ်အရ ဇွန် ၆ ရက်တွင် ပထမအကြိမ်အဖြစ် ဆန်တန်ချိန်  သုံးသိန်းကို တင်ဒါခေါ်ယူခဲ့ရာတွင် ဆန်တန်ချိန် ၂၆၀ဝ၀ဝ အတွက် တင်ဒါအောင်မြင်မှုရှိခဲ့သည်။ အဆိုပါ ဆန် များအား မည်သည့်ပင်ရင်းဒေသမှ တင်သွင်းမည်မှာ သေချာမှု မရှိသေးသော်လည်း   နိုင်ငံပိုင်   ဝယ်ယူရေးကုမ္ပဏီဖြစ်သော ဃဥဗြြ သည် စက်တင်ဘာ ၈ ရက် အရောက် တင်သွင်းရန် ညွှန်ကြားထားပြီး ဘရာဇီးငွေကြေးအားဖြင့် ရောင်းဈေး ၁ ကီလို ဂရမ်လျှင် ၄ ရီရယ် (သုည ဒသမ ၇၆ ဒေါ်လာခန့်) နှုန်းဖြင့် ၅ ကီလိုဂရမ်ဝင် ဆန်အိတ်များဖြင့် ဖြန့်ဖြူးမည်ဖြစ်သည်။ 
အစိုးရအနေဖြင့် ဆန်ရောင်းလိုအားကို တည်ငြိမ်စေရန်နှင့် ပြည်တွင်းဈေးနှုန်းများအား ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သော်လည်း လတ်တလော စပါးရိတ်သိမ်းပြီး ချိန်၌ အသစ်ထပ်မံ ဝင်ရောက်လာမည့်ဆန်များကြောင့် ရောင်းလို အားပိုလျှံမှုရှိမည့် အရေးကို စိုးရိမ်မကင်းဖြစ်လျက်ရှိသော ပြည် တွင်းရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများက ကန့်ကွက်လျက်ရှိကြ သည်။ ဘရာဇီးနိုင်ငံသည် သမားရိုးကျအားဖြင့် မာကိုဆာ သဘော တူညီချက် အဖွဲ့ဝင်နိုင်ငံများကိုသာ အခွန်ကင်းလွတ်ခွင့်ဖြင့် ဆန် တင်သွင်းခွင့်ပြုထားပြီး ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံများထံမှ အဓိက တင်သွင်းခြင်းဖြစ်သည်။ အာဂျင်တီးနားနိုင်ငံထံမှ ဆန်ဝယ်ယူတင် သွင်းမှုမှာ အနည်းငယ်မျှသာရှိသည်။ လက်ရှိ ချမှတ်ထားသည့် မူဝါဒအရ မာကိုဆာ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည်လည်း အကောက်ခွန်  ကင်းလွတ်လျက် ဆန်တင်သွင်းနိုင်ခွင့်ရှိသည်။ ၂၀၂၀ ပြည့်နှစ် အလားတူ ခွင့်ပြုခဲ့ချိန်တွင် အမေရိကန်နိုင်ငံထံမှ ဆန်တန်ချိန် ၈၂၀ဝ၀ ကျော် တင်သွင်းခဲ့မှုက သွင်းကုန်ပမာဏ မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ 
ဘရာဇီး၏ သွင်းကုန်မူဝါဒ ပြောင်းလဲဖော်ဆောင်မှုသည် နိုင်ငံ၏ ဆန်တင်ပို့မှုအပေါ်တွင်လည်း သက်ရောက်နိုင်ဖွယ်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် လက်တင်အမေရိကဒေသသို့ ဆန်တင်ပို့လျက် ဈေးကွက်ရယူနိုင်သည့်အပြင် အိန္ဒိယ၏ ဆန် တင်ပို့မှု ပိတ်ပင်ချိန်၌ အာဖရိကဈေးကွက်သို့လည်း တိုးချဲ့တင်ပို့ နိုင်ခဲ့သည်။ သို့သော် ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ဆန်စပါး လုပ်ငန်းနယ်ပယ်၌ ထိခိုက်မှုများက ဘရာဇီး၏ ဆန်ပို့ကုန်ဈေးနှုန်း များကို မြင့်တက်မှုဖြစ်ပေါ်စေပြီး ၎င်း၏ ဝယ်လက်နိုင်ငံများသည် ဈေးနှုန်းအရ   ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော အမေရိကန်နိုင်ငံသို့ ပြောင်းလဲဝယ်ယူဖွယ်ရှိနေကြောင်း သိရသည်။ 
Source: Miller Magazine, 14 Jun 2024
 

UNAL, DOCA