နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်သွယ်မှု သည် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင် လျက်ရှိပေသည်။ ကုန်သွယ်မှုတွင် Normal Trade (ပင်လယ်ရေကြောင်း ကုန်သွယ်မှု) နှင့် Border Trade (နယ်စပ်ကုန်သွယ်မှု) နည်းလမ်း နှစ်မျိုးရှိရာ ကုန်သွယ် ဖက်နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ အကျိုးဖြစ်ထွန်း ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးအတွက် နယ်စပ် ကုန်သွယ်မှုသည်လည်း လွန်စွာမှအရေးပါလှပေသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား အပြန်အလှန် နှစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေး နည်းလမ်း (Border Trade Method) ဖြင့် ရန်ကုန် - ကော့သောင်း-ရနောင်း ကုန်သွယ်မှုနှင့် ရနောင်း - ကော့သောင်း-ရန်ကုန်သို့ သက်ဆိုင်ရာ နှစ်နိုင်ငံ၏ ကမ်းရိုးတန်းဆိပ်ကမ်းများမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ် သည်။
ဇူလိုင် ၅ ရက်မှ ၂၅ ရက်အထိ ရန်ကုန် - ကော့သောင်း-ရနောင်း ကုန်သွယ်မှုလမ်းကြောင်း ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် ၄၁၈၈ ဒသမ ၅၉၂ တန်၊ ချုပ်ပြီး CMP အဝတ်အထည် ၁၆၄၁၇ နှင့် ခဲသတ္တု ၅၃၈ တန်၊ ကြက်သွန်နီ ၂၆ တန်တို့ကို ကွန်တိန်နာသင်္ဘောဖြင့် တင်ပို့ခဲ့ရာတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၆၀ သန်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှလည်း ရနောင်း-ကော့သောင်း-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်း အစီအစဉ်ဖြင့် သွင်းကုန်ပြန်လည်တင်သွင်း ခဲ့ရာတွင် ရေခဲသေတ္တာ၊ လေအေးပေးစက်၊ တာပေါ် လင်၊ လျှပ်စစ်ကေဘယ်ဝါယာ၊ အနောက်တိုင်းပုံစံToilet Commode နှင့် ဘေစင်၊ စားသောက်ကုန်၊ ဆေး ဝါးပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကားတာယာ၊ ြွေကပြား၊ ကော်ကုန်ကြမ်း၊ အဝတ်အထည်၊ မီးဖိုချောင် သုံးပစ္စည်း၊ စက္ကူလိပ်များ၊ စက်အပိုပစ္စည်းများနှင့် အဝတ်လျှော်စက်များ တင်သွင်းခဲ့ကြောင်းသိရသည်။
မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းသစ်ဖြစ် သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကုန်သွယ်မှု စနစ်သည် မိမိတို့ဝန်ကြီးဌာန၏ အမျိုးသားအကျိုး စီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သော မူဝါဒများချမှတ်ဆောင်ရွက်ရန်ဆိုသည့် ရည်မှန်းချက် Mission)ကို နိုင်ငံတော်နှင့် နိုင်ငံတွင်းနေပြည်သူများ အားလုံးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါကုန်သွယ်မှုစနစ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေ သော ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်း များတင်ပို့ခြင်းနှင့် တင်သွင်းခြင်းများ ဆောင်ရွက်ရာ တွင် ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန်မြန်ဆန်လာပြီး မလိုလားအပ်သော အချိန်ကြန့်ကြာမှုများနှင့် ငွေကြေး ကုန်ကျမှုများစွာ လျော့ကျသက်သာလျက်ရှိကြောင်း သိရှိရသဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းစေရုံသာမကဘဲ မြန်မာ-ထိုင်း နှစ်နိုင်ငံ အနေ ဖြင့်လည်း ကုန်သွယ်မှုကို အခြေပြုလျက် ပိုမိုချစ်ကြည် ရင်းနှီးမှုကို ရရှိနိုင်မည်ဖြစ်သည်။
DOT (KT)