Main menu

Background

ဇူလိုင်လအတွင်း ရော်ဘာ၊ ပြောင်းတင်ပို့မှုအခြေအနေ

Tue, 08/06/2024 - 11:36 -- journal_editor

ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ   အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၅၉ သန်း တန်ဖိုးရှိ  ရော်ဘာတန်ချိန် ၇၈၇၀  တင်ပို့ကြောင်း    သိရှိရသည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံ သို့ ရော်ဘာတန်ချိန် ၃၃၇၀ ကျော်၊ အိန္ဒိယနိုင်ငံသို့  ရော်ဘာ  ၂၅၁၀ ခန့်၊ မလေးရှားနိုင်ငံသို့   ရော်ဘာ တန်ချိန် ၁၆၄၀ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာ  ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၀ဝ နှင့်  သီရိလင်္ကာနိုင်ငံသို့ ရော်ဘာ တန် ၄၀ တင်ပို့သည်။   
ဇူလိုင် ၁ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်း အမေရိကန်ဒေါ်လာ  ၃ ဒသမ  ဝ၆၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၁၁၀ ကျော်တင်ပို့သည်။ တင်ပို့မှုအနေ ဖြင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၉၀ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၂၀ ခန့်  တင်ပို့ခဲ့သည်။ နည်း လမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန် ချိန် ၉၉၈၀ ကျော်ရှိပြီး  တန်ဖိုး အမေရိ ကန်ဒေါ်လာ  ၁၄ ဒသမ ၅၂၈ သန်း ရရှိ သည်။ 
ပြောင်း
ဇူလိုင် ၁ ရက်မှ ၂၆ ရက်ထိကာလ အတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်း မှ အမေရိကန်ဒေါ်လာ ၅၄ ဒသမ  ဝ၀၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၁၅၈၅၀ ကျော် တင်ပို့ကြောင်း သိရသည်။  ပြောင်းတင်ပို့မှုအနေဖြင့်  ထိုင်း နိုင်ငံသို့ ပြောင်းတန်ချိန်  ၁၈၆၀၈၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့  ပြောင်းတန် ချိန် ၂၆၀၂၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ပြောင်းတန်ချိန် ၃၇၅၀ တင်ပို့သည်။ ဇူလိုင် ၁ ရက်မှ ရက်မှ ၂၆ ရက် ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ    အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇၀၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၉၄၆၇၀ ကျော် တင်ပို့သည်။    နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၃၁၀၅၂၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇၇ ဒသမ  ၇၁၅ သန်း ရရှိကြောင်း သိရ သည်။ 

DAAT