ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း)၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီး တစ်မျိုးဖြစ်သော နှမ်းသီးနှံကို ယခုနှစ် တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြောင်း သိရသည်။ ဇီးကုန်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးကြိုးနှမ်း စိုက်ပျိုးရန် လျာထားဧက ၁၅၂၀ ဧက ဖြစ်ပြီး ဇွန်လကုန်အထိ ၉၀၁ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။မိုးနှမ်းစိုက် တောင်သူများအနေ ဖြင့် မိုးကြိုနှမ်းအား မေလတွင် စတင် စိုက်ပျိုးပြီး နှစ်လခွဲခန့် ကြာပါက စတင် ရိတ်သိမ်းကြောင်း၊ စမုန်နက်နှမ်းမျိုးကို စိုက်ပျိုးမှုများပြီး ယခုနှစ်တွင် မျိုးနှမ်း ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ နှုန်းဖြင့် ဝယ်ယူရပြီး တစ်ဧကအတွက် မျိုးနှမ်း ငါးပိဿာ အသုံးပြုရသည်။
ယခုနှစ်တွင် မိုးနှမ်းတစ်ဧက စိုက်ပျိုးစရိတ်အနေဖြင့် (မျိုးဝယ်ယူ ကုန်ကျစရိတ်၊ ထယ်ထိုးခ၊ ဓာတ်မြေ သြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ကျပ် ၃၆၅၀ဝ၀ ရှိကြောင်းသိရသည်။
ယခင်နှစ် မိုးနှမ်းတစ်ဧက ပျမ်းမျှ အထွက်နှုန်း ၁၀ တင်း ထွက်ရှိကြောင်း၊ ယခင်နှစ် နှမ်းသစ်ပေါ်ချိန်တွင် စမုန် နက်နှမ်း တစ်တင်း ကျပ် ၉၀ဝ၀ဝ နှုန်း ရောင်းချရကြောင်း အကျိုးအမြတ်အား ဖြင့် ကျပ် ၅၄၀ဝ၀ဝ ရရှိခဲ့ကြောင်း နှမ်း စိုက်တောင်သူတစ်ဦးထံမှ သိရသည်။ဒေသတွင်း တောင်သူများအနေ ဖြင့် နှမ်းသီးနှံကို တစ်နိုင်တစ်ပိုင် စိုက် ပျိုးလာခြင်းဖြင့် ဒေသတွင်း စားသုံးဆီ ဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရှိစေမည်ဖြစ်သည်။
မြင့်မြင့်ခင် (နတ်တလင်း)