Main menu

Background

ပုသိမ်မြို့ ဆန်စပါးဈေးကွက် အောက်တိုဘာလ ဆန်ဈေးနှုန်း အတက်အကျဖြစ်

Mon, 10/07/2024 - 13:12 -- journal_editor

ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် စက်တင်ဘာလအတွင်း ပေါ်ဆန်း စပါးဈေး တစ်တင်း ကျပ် ၂၈၅၀ဝ ဆန်တစ်အိတ် ကျပ် ၁၁၈၀ဝ၀ ၊ ဧည့်မထ မိုးမနောသုခ မျိုးပွားစပါး တစ်တင်း ကျပ် ၂၀၈၀ဝ  ဆန်တစ်အိတ်ကျပ် ၈၀ဝ၀ဝ၊ နွေသီးထပ်ရင်စပါး တစ်တင်း ကျပ် ၁၅၇၄၀  ဆန် တစ်အိတ်ကျပ် ၇၂၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရ သည်။
အောက်တိုဘာလ  ပထမပတ်တွင် ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၁၂၀ဝ၀ဝ၊ လူအများစားသုံးမှုရှိသော ဧည့်မထမိုးမနောသုခ မျိုးပွားဆန် တစ်အိတ်  ကျပ် ၇၉၀ဝ၀ နွေသီးထပ်ရင်ဆန် တစ်အိတ် ကျပ် ၇၄၀ဝ၀ ဖြစ် သွားသည့်အတွက် စက်တင်ဘာလဈေးနှင့် အောက်တိုဘာလပထမပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပေါ်ဆန်းစပါးဈေး၊ မိုးဧည့်မထစပါးဈေးနှင့် နွေသီးထပ်ရင် စပါး ဈေးနှုန်းများတွင် ပေါ်ဆန်းစပါးဈေးနှုန်းမှာ ကာလတူ ပြောင်းလဲမှုမရှိဘဲ မိုးဧည့်မထစပါးဈေးနှုန်းမှာ တစ်တင်း ကျပ် ၃၀ဝ၀ မြင့် တက်၍ နွေဧည့်မထ သီးထပ်ရင်စပါးဈေးနှုန်းမှာ ပြောင်းလဲမှု မရှိကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှ သိရသည်။

ဧရာဝတီ (ပုသိမ်)