Main menu

Background

မွန်ပြည်နယ်၌ ကွမ်းသီးနုများ ဈေးနှုန်းမြင့်တက်

Mon, 10/07/2024 - 13:22 -- journal_editor

ကွမ်းသီးနုများသည် ဇွန်၊ ဇူလိုင် လများတွင် လှိုင်လှိုင်ထွက်ရှိပြီး သြဂုတ် နှင့် စက်တင်ဘာလများတွင် တဖြည်း ဖြည်း ရင့်မာလာကြသည်။ ကွမ်းသီးနု ရာသီကုန်ဆုံးချိန်    စက်တင်ဘာလ နောက်ပိုင်းတွင်မွန်ပြည်နယ်၌ ကွမ်းသီး နုများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ကွမ်းသီးနု လှိုင်လှိုင်ပေါ်ချိန် ဇွန် နှင့် ဇူလိုင်လများတွင် ကွမ်းသီးနု တစ် ပိဿာလျှင် ကျပ် ၆၈၀ဝ-၇၀ဝ၀ ရှိခဲ့ပြီး စက်တင်ဘာလကုန်တွင်   ကွမ်းသီးနု တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ အထိ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။
ယခုကဲ့သို့   ကွမ်းသီးနုဈေးနှုန်း မြင့်တက်ရခြင်းမှာ ကွမ်းသီးနု ရာသီ ကုန်ဆုံးချိန်ဖြစ်ခြင်း၊ ရာဂီမုန်တိုင်းဒဏ် ကြောင့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ရှိ ကွမ်းသီးထွက်ရှိရာ   ဒေသများတွင် ကွမ်းသီးနုများ    ပျက်စီးဆုံးရှုံးမှုများ ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ် ကြောင်း   မွန်ပြည်နယ်ရှိ ကွမ်းသီးနု ပေါင်း   စက်ရုံလုပ်ငန်းရှင်ထံမှ သိရှိရ သည်။
မွန်ပြည်နယ်မှ ကွမ်းသီးနုများကို ကွမ်းသီးနုပေါင်းစက်ရုံတွင် အခြောက် ခံခြင်း၊ ပေါင်းခံခြင်းများ အဆင့်ဆင့်ပြု လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ် ကာ မောတောင်နယ်စပ်မှ  ထိုင်းနိုင်ငံ ထိုမှတစ်ဆင့်  တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း ၎င်းကပြောသည်။ ယခုအချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့ နယ်မှ ကွမ်းသီးများမှာ ရင့်မာလာကြ သဖြင့်   ကွမ်းသီးနုများကို   တနင်္သာရီ တိုင်း‌ဒေသကြီးမှ    ဝယ်ယူရကြောင်း သိရှိရသည်။

မိုးမိုး (မွန်)