Main menu

Background

တရုတ်သည် အာဆီယံ ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ထိပ်ဆုံးသို့ရောက်လာ

Mon, 10/07/2024 - 15:50 -- journal_editor

အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)နှင့် တရုတ်တို့သည် မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အားကောင်းစွာ ပေါင်းစပ်ထားခြင်းနှင့်အတူ ကာလကြာရှည် စီးပွားရေးဆက် နွှယ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း လာအိုနိုင်ငံ စက်မှုနှင့် စီးပွားရေးကူးသန်း ဝန်ကြီးMalaithong Kommasith  က လာအိုနိုင်ငံ Vietiane မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော 23rd   ASEAN Economic Ministers-China Ministry of Commerce Consultation (AEM-MOFCOM) ) တွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်ဖက် အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀၂ ဘီလီယံရှိခဲ့ပြီး အာဆီယံ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး၏ ၁၉ ဒသမ ၇ ရာခိုင်နှုန်း ရှိကာ တရုတ်နိုင်ငံအား  ဒေသ၏ နံပါတ်(၁) ကုန်သွယ်ရေး   မိတ်ဖက်ဖြစ်စေခဲ့ ကြောင်း သိရသည်။ 
အာဆီယံနိုင်ငံများတွင် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ၃ ဘီလီယံရှိပြီး အာဆီယံ၏ စုစုပေါင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိကာ ဒေသ၏ တတိယအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကြောင်း သိရ သည်။ ထို့ပြင် လွန်ခဲ့သည့်နှစ်တွင် အာဆီယံနှင့် တရုတ်သည် များစွာသော ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (ACFTA) ၏ ပြဋ္ဌာန်းချက်များနှင့် တာဝန်များကို  အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် ၎င်းတို့၏အာမခံချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။ 
ဆွေးနွေးမှုများပြီးမြောက်ရေးနှင့် ACFTA 3.0  အဆင့်မြှင့်တင်မှုအကောင်အထည်ဖော်ခြင်းသည် နှစ်ဖက်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆက်လက် မြှင့်တင်ရန် မျှော်လင့်ကြောင်းသိရသည်။ စက်တင်ဘာ ၂၂ ရက် ကျင်းပခဲ့သည့် အစည်းအဝေးသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် E-commerce  တို့တွင် နှစ်ဖက် လုံး၏ ပူးပေါင်းမှုနှင့် ACFTA 3.0 အဆင့်မြှင့်ရန်အတွက် တိုးတက်မှုအခြေအနေကို ပြန်လည်ဆန်းစစ်ရန်နှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပမည့် ASEAN-China  ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန် အဓိက ရည်ရွယ်ခဲ့ကြောင်း သိရ သည်။ 

မြသူ DOCA -YGN))
Source : Vietnam Plus|