Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 10/07/2024 - 16:00 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ စက်တင်ဘာ လအတွင်း ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန်  တန်ဖိုးအမေရိကန်ဒေါ်လာ ၃၀ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀ သန်းနှင့် ကုန် သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၀ သန်း ဖြစ်သည်။ အမှန်လုပ်ငန်းဆောင်ရွက် မှုမှာ  ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၈၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၂၅၈ သန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၄ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၁ ဒသမ ၃၈ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။ 
ကာလတူ  လုပ်ငန်းဆောင်ရွက်မှု နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၂၈ သန်း၊ သွင်းကုန်ပိုင်း တွင် တန်ဖိုး  အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၇၂၂ သန်း  လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၉၅၀ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။ ပို့ကုန်တွင် ကာလတူထက် လျော့နည်း ခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု၊ သစ် တောထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ စက်မှုကုန်ချော ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့တွင် တင်ပို့မှုလျော့နည်းခြင်းကြောင့် ဖြစ်သည်။  
သွင်းကုန်ပိုင်းတွင်လည်း လျော့နည်းခြင်း မှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း  အုပ်စုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈၉၈ သန်း၊   လုပ်ငန်းသုံး  ကုန်ကြမ်းပစ္စည်းအုပ်စုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ဒသမ ၆၁၂ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုမှ တန်ဖိုးအမေရိကန် ဒေါ်လာ ၂၉ ဒသမ ၂၁၂ သန်း လျော့နည်းခဲ့ခြင်း ကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံးကာလဖြစ်သော သြဂုတ်လ လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၄၀ သန်း   ပိုမိုခဲ့ပြီး  သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၁၉၅ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၆၄၅ သန်း ပိုမိုခဲ့ကြောင်း သိရသည်။  ပို့ကုန်ပိုင်းတွင် ယခင်လထက်   ပိုမိုခြင်းမှာ သတ္တုတွင်းထွက် ပစ္စည်းအုပ်စု၊ စက်မှုကုန်ချောပစ္စည်းအုပ်စုတို့ တင်ပို့မှု  လျော့နည်းခဲ့သော်လည်း လယ်ယာ ထွက်ကုန်ပစ္စည်းအုပ်စု၊ အခြားပစ္စည်းအုပ်စုတို့ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင်   ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းအုပ်စုတွင် တင်သွင်းမှု ပိုမိုခဲ့ သော်လည်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း  အုပ်စုနှင့် လူသုံး ကုန်ပစ္စည်းအုပ်စုတို့ တင်သွင်းမှုလျော့နည်းခဲ့ ခြင်းဖြစ်သည်။ 

အိမ့် (DOT)