Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

Mon, 11/04/2024 - 11:47 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ နှမ်း/မြေပဲ တို့အား အဓိကစိုက်ပျိုးကြသော်လည်း ဆန်လိုတိုင်းဒေသကြီး ဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ် များမှ တင်သွင်းရသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး  အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ  ဧည့်မထ(နွေ)တစ် တင်းလျှင် ကျပ် ၁၇၀ဝ၀ ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေး ခရိုင်တွင်  ပေါ်ဆန်းမွှေး(၂၄)ပြည်  တစ်အိတ်လျှင် ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ်  ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၁၀၃၀ဝ၀၊   ရတနာတိုး ကျပ် ၇၅၀ဝ၀၊   မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး  ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၀ဝ၀ဝ၊ မနောသုခ ကျပ် ၈၇၀ဝ၀၊   သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ်၁၁၂၀ဝ၀၊ မနောသုခ ကျပ် ၈၅၀ဝ၀၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာတိုး ကျပ် ၈၁၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ် ဆန်းမွှေး  ကျပ်၁၅၅၀ဝ၀၊  ဧရာပဒေသာ ကျပ်  ၁၃၉၀ဝ၀၊ မနောသုခ ကျပ်၈၅၀ဝ၀၊  ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၄၆၀ဝ၀၊ မနောသုခ ကျပ် ၈၇၀ဝ၀၊ ရတနာတိုး ကျပ် ၇၈၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ် ဆန်းမွှေး ကျပ် ၁၅၆၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၉၂၆၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
စက်တင်ဘာလထက် အောက်တိုဘာလတွင် အောင်လံ ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၄၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၀ဝ၀ဝ၊ မနောသုခ ကျပ်၁၅၀ဝ၀၊ ရတနာတိုး ကျပ် ၄၀ဝ၀၊ ချောက်ခရိုင်တွင် ဧရာပဒေသာ ကျပ် ၄၀ဝ၀၊ ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၅၀ဝ၀၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၃၀ဝ၀ဈေးလျော့ လျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ သို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ အခြား တိုင်းဒေသကြီး၊  ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါး အဓိက စိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်၂၅၃၂၅ အိတ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆန် ၁၁၆၄ အိတ်၊ ရန်ကုန် တိုင်းဒေသကြီးမှ ဆန်အိတ် ၁၁၀ဝ၊ စုစုပေါင်း ဆန်၂၇၅၈၉ အိတ်၊ ၁၃၇၉ ဒသမ ၄၅ တန်စီးဝင်ခဲ့ကြောင်း သိရသည်။ 

 

ရဲမင်းသာ(မကွေး)