Main menu

Background

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်များ မျှော်လင့်ထားသည်ထက် လျော့နည်းခဲ့

Tue, 11/05/2024 - 10:41 -- journal_editor

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏ အလားအလာ အကောင်းဆုံး အချက်ထဲတွင်ပါဝင်သည့် တရုတ်နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်မျှော်မှန်းချက် သည် စက်တင်ဘာလတွင် ခန့်မှန်းထားသည်ထက် ပိုမိုလျော့နည်းခဲ့သည်။ အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သော အကောက်ခွန်အချက်အလက် များအရ စက်တင်ဘာလတွင် ပို့ကုန်စုစုပေါင်း၏ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး သွင်းကုန် သုည ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လေ့လာသူများ အဆိုအရ တရုတ်ပို့ကုန်များသည် စက်တင်ဘာလတွင် ခြောက်နှစ်အတွင်း ခန့်မှန်းတန်ဖိုး သုည ဒသမ ၉ ရာခိုင်နှုန်းခန့် မြင့်တက် မည်ဟု ခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည်ထက် လျော့နည်းခဲ့ ကြောင်း ျွနကအနမျ ၏ စစ်တမ်းများအရ သိရသည်။
ပို့ကုန်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း သုံးစွဲသူ အသုံးစရိတ် နည်းပါးမှုနှင့် အိမ်ခြံမြေမတည်ငြိမ်မှုကြောင့် ကျဆင်းခဲ့သည်။သို့သော် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာခြင်းသည် လာမည့်နှစ် တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ကြီးထွားလာရန် တရုတ်နိုင်ငံ၏ ပို့ကုန်ကို ခက်ခဲ စေလိမ့်မည်ဖြစ်ကြောင်း Pinpoint Asset Management ၏ ဥက္ကဋ္ဌနှင့် စီးပွားရေးပညာရှင် Zhiwei Zhangက မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် တရုတ်နိုင်ငံလုပ် လျှပ်စစ်ကား များ အပါအဝင် အခြားသောထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံ လျက်ရှိသည်။ ၎င်း၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သော အမေရိကန်သို့ တရုတ်နိုင်ငံ၏ ပို့ကုန်သည် ပြီးခဲ့သည့်နှစ်ကထက်  စက်တင်ဘာတွင် ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်မှ တင်သွင်းမှုမှာ ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း CNBC၏ တရားဝင် အချက်အလက်များ လေ့လာဆန်းစစ်မှုအရ သိရသည်။ 
ဒေသတွင်းအခြေခံအားဖြင့် တရုတ်နိုင်ငံ ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်းသို့ တင်ပို့မှုမှာ ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်မှာ ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။ ဥရောပသမဂ္ဂသို့ တရုတ်၏ ပို့ကုန်သည် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့် တက်ခဲ့ပြီး သွင်းကုန် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။BRICS မိတ်ဖက် ရုရှား နိုင်ငံသို့ တရုတ်နိုင်ငံ၏ တင်ပို့မှုမှာ ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော် လည်း သွင်းကုန် ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ အလုံးစုံ မော်တော်ယာဉ်တင်ပို့မှုမှာ စက်တင်ဘာလတွင် တစ်နှစ်ထက် တစ်နှစ် ၂၅ ဒသမ ၇ရာခိုင်နှုန်း တိုးလာ ခဲ့ပြီး ဖိနပ်များ၊ အရုပ်များနှင့် စမတ်ဖုန်းများ အားလုံးသည် အလားတူ ကာလထက် ကျဆင်းသွားခဲ့သည်။ 
sources- hnixhua  news 

Mdy DOCA