အောက်တိုဘာလ နောက်ဆုံးပတ်တွင် ခရမ်းမြို့နယ်၌ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချော အမျိုးအစားအလိုက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၅၀ဝ-၃၈၀ဝ ထိ၊ ဧရာဝတီ ပေါ်ဆန်း တစ်ပြည်လျှင်ကျပ် ၅၈၀ဝ-၆၀ဝ၀၊ ငစိန်အုပ်စု ပုသိမ်ရာကျော် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀- ၃၃၀ဝ၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်တစ်ပတ် တွင် ကျပ် ၆၅၆၀၊ ယခုတစ်ပတ်တွင် ကျပ် ၆၈၀ဝ ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိသည်။
ပဲဆီတစ် ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ် ဆိုဒ်ဆုံ တစ်ပိဿာလျှင်ကျပ် ၂၅၀ဝ-၃၃၀ဝ ကြက်သွန်ဖြူ(ကြက်ကုတ်) တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၇၀ဝ၊ ငရုတ်တောင့် (အရှည်) တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ၊ ကုလားပဲခြမ်း တစ် ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ငါးပိ(မျှင်) တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၈၀ နှင့် ဘဲဥတစ်လုံးလျှင် ကျပ် ၅၀ဝ-၅၅၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အလားတူ ဗမာကြက်တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ၀၊ ဃဏကြက်တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ဝက်သား တစ်ပိဿာ လျှင်ကျပ်၂၅၀ဝ၀၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ငါးမြစ်ချင်း တစ် ပိဿာလျှင် ကျပ်၉၀ဝ၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်ရာတွင် ဆန် ကြမ်း၊ ဆန်ချောဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန်ဈေး နှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး အသားငါးဈေးနှုန်းများနှင့် စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ကျော့ကေခိုင်