စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖြစ်ပေါ် နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် တွင် ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀ဝလျှင် ကျပ် ၄၅၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၃၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေ ကြောင်း သိရသည်။
ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၄၅၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၇၀ဝ၀ဝ၀၊ ဧည့်မထ(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ငစိန်(ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) တင်း၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၉၁၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝလျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၃၃၀ဝ၀၊ ရွှေဘိုပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၄၇၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ မနောသုခ(မိုး) (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ မနောသုခ(မိုး) (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၈၅၀ဝ၀ဝ ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ ရွှေသွယ်ရင် (စပါး)(သစ်)တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊ ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
နိုဝင်ဘာလ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း စပါးဈေးနှုန်းမှာ စပါး (ဟောင်း) လက် ကျန် နည်းပါးချိန်ဖြစ်သဖြင့် ယခင်တစ်ပတ်ထက် ဈေနှုန်းအနည်းငယ်မြင့် တက်မှု ရှိနေကြောင်းသိရသည်။
ခင်မို့မို့ငြိမ်း(မုံရွာ)