Main menu

Background

ပြည်ခရိုင်မှ စပါး/ဆန်ဈေးနှုန်း အခြေအနေ

Tue, 12/03/2024 - 15:31 -- journal_editor

ပြည်ခရိုင်အတွင်း ယခုနှစ်မိုးစပါးရာသီ၌ စိုက်ဧက ၂၂၆၄၉၇ ဧက စိုက်ပျိုးပြီး အောက်တိုဘာလဆန်းပိုင်းတွင် စတင်ရိတ်သိမ်း ထွက်ရှိနေပြီဖြစ်ရာ ပေါ်စကာလက စပါး ၄၆ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ ဈေးရှိပြီး ယခု နိုဝင်ဘာလတွင် ၄၆ပေါင် တင်း၁၀ဝ လျှင် ကျပ် ၁၆၁၀ဝ၀ဝ ဈေးရှိသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ပုသိမ်ပေါ်ဆန်း (၂၄)ပြည် တစ် အိတ်လျှင်  ကျပ် ၁၂၀ဝ၀ဝ-၁၃၀ဝ၀ဝ၊  ပေါ်ကျွဲ တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀၊ ဧရာပဒေသာ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ ကျောက်ရွေး (အဟောင်း)တစ်အိတ်လျှင်  ကျပ် ၈၅၀ဝ၀-၉၀ဝ၀ဝ၊ နှံကောက်/ ရတနာတိုး (အသစ်) ဈေးများမှာ ကျပ် ၇၀ဝ၀ဝ-၇၁၀ဝ၀-၇၂၀ဝ၀၊ ရက် ၉၀ (အဟောင်း) တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၉၇၅၀ဝ၀ ဈေးရှိသည်။  ဆန်ကွဲဈေးနှုန်းများ  အနေဖြင့် ဆန်ကွဲ(Ex)တစ်အိတ်လျှင် ကျပ် ၅၇၀ဝ၀-၅၈၀ဝ၀၊ ဆန်ကွဲ  (2,3,4)   တစ်အိတ်လျှင် ကျပ် ၄၆၀ဝ၀-၄၇၀ဝ၀၊ ဆန်ကွဲ (1,2))  တစ်အိတ်လျှင်  ကျပ် ၅၀ဝ၀ဝ-၅၂၀ဝ၀၊  ဖွဲနု တစ်ပေါင်လျှင် ကျပ် ၂၄၀-၂၇၀ ဈေးရှိကြောင်း  သိရသည်။ 

ဆုမွန်ဆွေ၊ လွင်လွင်ဆန်း (ပြည်)