ပြည်တွင်းစားသုံးမှု ဖူလုံရေး အရန်ဆန် စနစ်များထားရှိသည့်အပြင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်လာပါ က ပို့ကုန်အခြေပြု အရန်ဆန်စနစ်ရှိပြီး အိတ်ရေအားဖြင့် ရှစ်သိန်းဝန်းကျင်ခန့် စုဆောင်းထားရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ "ပို့ကုန်အခြေပြုဆိုတာ ပို့ကုန် လုပ်ငန်းရှင်တွေပါဝင်တဲ့ နထစသမအနမ တွေ ရဲ့ပါဝင်မှုနဲ့ ဆောင်ရွက်ထားတာဖြစ်ပါ တယ်။ ကျွန်တော်တို့မှာ နိုင်ငံတော် အရန်ဆန်ကဲ့သို့ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်ပေါ့။ ပို့ကုန်အခြေပြုဆိုတာ က ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ကျွန်တော်တို့ဆောင်ရွက်တာပါ။ နထစသမအ တစ်တန် ပို့တိုင်း ပို့တိုင်းမှာ ဆန်တစ် အိတ်ပေါ့။ အရပ်စကားနဲ့ ပြောရင် တစ်တန် တစ်အိတ်ပေါ့။ ကဏ္ဍမှာရှိတဲ့ နထစသမအနမ တွေရဲ့ပူးပေါင်းမှုနဲ့ကျွန်တော် တို့ဆောင်ရွက်ထားပါတယ်။ အဲဒီအစီ အစဉ်ကတော့ ဆန်အိတ် ရှစ်သိန်း လောက်ရှိပါတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ပြောသည် ။ ပို့ကုန်အခြေပြု အရန်ဆန်များ သည် ဧည့်မထဆန်များဖြစ်ပြီး ပြည်သူ များအတွက် လုံလောက်ကောင်းမွန် သည့် အခြေအနေဖြစ်ပြီး လိုအပ်ချက် ရှိပါက ပို့ကုန်အခြေပြု အရန်ဆန်အိတ် များအား ပရဟိတအသင်းများ၊ လူမှု ရေး အသင်းအဖွဲ့များ၊ စက်ရုံ အလုပ်ရုံ များအား ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော် မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပြည်တွင်း ဆန်ဈေးတည်ငြိမ်ရေး ဦးစား ပေး ဆောင်ရွက်နေမှုများကြောင့် ပြည် တွင်းဈေးကွက်အတွင်း ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သိရသည်။
ကိုတိုး