Main menu

Background

စားအုန်းဆီ ရေရှည်တည်ငြိမ် ဖူလုံမှုရှိရေးသည် စွမ်းအင်ဖူလုံမှုအတွက် အဓိကသော့ချက်ဖြစ်

Wed, 12/04/2024 - 11:21 -- journal_editor

အင်ဒိုနီးရှား စစ်ဆေးရေးအရာရှိတစ်ဦးဖြစ်သူYeka Hendra Fatikaက နိုင်ငံ၏ စွမ်းအင်ဖူလုံရေးပရိုဂရမ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည့် ဘိုင်အိုဒီဇယ်အသုံးပြုမှုကိုပံ့ပိုးရန် ရေရှည်တည်ငြိမ်ဖူလုံ မှုရှိသော  စားအုန်းဆီလုပ်ငန်းအတွက် စီမံအုပ်ချုပ်မှုစနစ် လိုအပ် ကြောင်း နိုဝင်ဘာ ၁၈ ရက်က  ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော စားအုန်းဆီဆိုင်ရာ ဝန်ဆောင်မှုရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ 
ဘိုင်အိုဒီဇယ်လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးသည် စားအုန်းဆီ စိုက်ခင်းများ အောင်မြင်မှုအပေါ် အလွန်မှီခိုနေကြောင်းနှင့် စွမ်းအင် နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဖြစ် သူ Bahilil Lahadalia အနေဖြင့် စွမ်းအင်ဖူလုံမှုရှိရေးအတွက် ဘိုင်အိုဒီဇယ်မူဝါဒတွင် တိုးတက်မှုရရှိ ရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ကုန်ကြမ်းပစ္စည်းဖြစ် သောB40 နှင့်B50  ဘိုင်အို ဒီဇယ်ပရိုဂရမ်အတွက် စားအုန်းဆီစိမ်း ဖူလုံမှုရှိရေးနှင့် ထုတ်လုပ်မှု အခြေခံအဆောက်အအုံ အဆင်သင့်ရှိရန် လိုအပ်သည်။   ထို့ပြင် ၎င်းက ဘိုင်အိုဒီဇယ်ပရိုဂရမ်အတွက် ဘတ်ဂျက် နှင့် ဆက်စပ်သည့် အကြောင်းအရာကို အလေးပေးပြောကြားခဲ့သည်။ 
အကယ်၍ ဘိုင်အိုဒီဇယ်ပရိုဂရမ်ကို ဆက်လက်တိုးမြှင့်လုပ် ဆောင်လာပါက   စားအုန်းဆီတင်ပို့မှု ကျဆင်းလာနိုင်ပြီး  ပို့ကုန်ဝင်ငွေ ရရှိမှုလည်းလျော့ကျလာနိုင်ကြောင်း သိရသည်။ စစ်ဆေးအရာရှိ Yeka Hendra Fatika က အကယ်၍ စားအုန်းဆီထုတ်လုပ်မှု မလုံလောက်ပါက ဘိုင်အို ဒီဇယ်ထုတ်လုပ်မှု ကျဆင်းသွားနိုင်ရုံသာမက တင်ပို့မှုပါ ကျဆင်းသွား မည်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်လျော့ကျသွားနိုင်ကြောင်း ပြောကြား ခဲ့သည်။ 
စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနကလည်း အင်ဒိုနီးရှားသည် B50 ပရိုဂရမ်အတွက် တစ်နှစ်လျှင် စားအုန်းဆီစိမ်း သန်း ၂၀ ကီလို လီတာ ထုတ်လုပ်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း သိရသည်။ အင်ဒိုနီးရှားအစိုးရ သည်ဘိုင်အိုဒီဇယ်အရောကို လက်ရှိB 35 မှ ၂၀၂၅ ခုနှစ်တွင်B40ထိ မြှင့်တင်ရန် ကြိုးပမ်းနေပြီးB50 ကို ဆက်လက် အကောင်အထည်ဖော် ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Antara News

မြသူ (DOCA-YGN)