မလေးရှားနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လအတွက် စားအုန်းဆီကြမ်းတင်ပို့မှု ပို့ကုန်အခွန်ကို ၈ရာခိုင် နှုန်းမှ ၁၀ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီး ရည်ညွှန်းဈေးနှုန်းကို လည်း မြှင့်တင်ခဲ့ကြောင်း အစိုးရအေဂျင်စီတစ်ခုဖြစ်သည့် မလေးရှား စားအုန်းဆီဘုတ်အဖွဲ့၏ ၁၉-၁၁-၂၀၂၄ နေ့ ထုတ်ပြန်သည့် စာစောင်တွင် ဖော်ပြချက်ကို ကိုးကားလျက်The Edge Malaysia သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်တင်ပို့ သည့် မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလ အတွက် ရည်ညွှန်းဈေး နှုန်းအဖြစ် စားအုန်းဆီ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၇၁ ဒသမ ၃၉ နှုန်း (၁၀ဝ၁.၂၁ အမေရိကန်ဒေါ်လာခန့်) တွက်ချက်ခဲ့ကြောင်း၊ နိုဝင်ဘာလအတွက် ရည်ညွှန်းဈေးနှုန်း မှာ တစ်တန်လျှင် ၃၉၄၉.၇၃ ရင်းဂစ်ဖြစ်ကြောင်း ဖော်ပြပါရှိ သည်။
စားအုန်းဆီကြမ်းအတွက် ပို့ကုန်အခွန် စည်းကြပ်မှု စနစ်တွင် တစ်တန်လျှင် ရင်းဂစ် ၂၂၅၀ မှ ၂၄၀ဝ အတွင်းရှိ ဈေးနှုန်းအတွက် ၃ရာခိုင်နှုန်းမှ စတင်ကောက်ခံမည်ဖြစ်ပြီး အမြင့်ဆုံးအခွန်နှုန်းထား သည် တစ်တန်လျှင် ရင်းဂစ် ၄၀၅၀ အထက် ဈေးနှုန်းဖြင့် တင်ပို့မှုအပေါ် ၁၀ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
စားအုန်းဆီကြမ်းအတွက် ယခင်ကအမြင့်ဆုံး ပို့ကုန် အခွန်ကို ၈ ရာခိုင်နှုန်းအထိသာ သတ်မှတ်ထား ခဲ့သော်လည်း ယခုအခါ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။ ယခုအခွန်နှုန်းထားအသစ်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ စားအုန်းဆီကြမ်း တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၅၀ အထက်ဖြစ်ပါက အမြင့်ဆုံး ပို့ကုန်အခွန်နှုန်းကို ၁၀ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ရန် အစိုးရက အောက်တို ဘာလတွင် ကြေညာခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာ ခြင်းဖြစ် ကြောင်းThe Edge Malaysia သတင်းဌာန၏ ဖော်ပြချက်အား တင်ပြအပ်ပါသည်။
Source: The Edge Malaysia, 19 Nov 2024
D Thi, DOCA