မိုးစပါး
မြင်းခြံခရိုင်တွင် မိုးစပါးစိုက်ဧက ၁၉၈၃၃ ဧကအနက် ၁၃၃၅၅ ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧက အထွက်နှုန်း ၆၇ တင်းနှုန်းဖြင့် အထွက်တင်းပေါင်း ၈၉၄၇၈၅ တင်းထွက်ရှိကာ ကျန်ဧကများကို ဆက် လက်ရိတ်သိမ်းဆဲဖြစ်သည်။ မနောသုခ မိုးစပါးအသစ် တစ်တင်းလျှင် ကျပ် ၂၂၀ဝ၀ ဈေးဖြင့် ဒေသတွင်းရှိ ကျေးရွာများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ မနောသုခ စပါး အဟောင်း တစ်တင်း လျှင် ကျပ် ၂၄၀ဝ၀ ဖြစ်ပြီး မနောသုခဆန် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ မှ ၉၅၀ဝ၀ ထိရှိ ကြောင်း သိရသည်။
မြေပဲ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို အများဆုံးစိုက်ပျိုးထားပြီး မိုးမြေပဲသီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ ညောင်ဦး မြို့နယ်တွင် ယခုနှစ် မြေပဲစိုက်ပျိးမှုမှာ ၉၃၉၈၇ ဧက စိုက်ပျိုးရန် လျာထားသော်လည်း ၁၁၀၉၂၉ ဧက စိုက်ပျိုးခဲ့သဖြင့် လျာထားချက်ထက် ၁၆၉၄၂ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုကာလတွင် မြေပဲစိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်၍ တစ်ဧကအထွက်နှုန်း အနေဖြင့် တင်း ၄၀ ခန့် ထွက်ရှိကြောင်း၊ အထွက်နှုန်းများမှာ နေရာဒေသ၏ မြေကောင်းမွန်မှု၊ ရာသီဥတုပေါ်မူတည်ပြီး အထွက်နှုန်းများလည်း ကွာခြားမှုရှိရာ ဝါခင်းကြီးကျေးရွာ၏ မြေပဲတစ်ဧက အထွက်နှုန်းမှာ တင်း ၃၀ ခန့်၊ သန့်စင်ကြယ်ကျေးရွာ၏ မြေပဲတစ်ဧက အထွက်နှုန်းမှာ ၃၀၊၄၀ တင်းဝန်းကျင်ခန့်ထွက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်ခဲ့သော မြေပဲဆန်တစ်ပိဿာ ဈေးနှုန်းများအနေဖြင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၉၂၀ဝ၊ ယခင်နှစ်ကာလတူက တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ခန့်သာရှိခဲ့သဖြင့် ယခု နှစ်တွင် ဈေးနှုန်းပိုခဲ့ကြောင်းနှင့် ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် တစ်ရက်လျှင် ကုန်ချိန်ပိဿာ ၁၀ဝ၀ဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ညောင်ဦးဒေသထွက် မြေပဲသီးနှံများကို မြေပဲဆီ ကြိတ်ခွဲ ရောင်းချခြင်းများလုပ်ကိုင်ကြသည့်အပြင် ပဲဆန်များကိုလည်း မန္တလေးဈေးကွက်သို့ တင်ပို့ရောင်း ချကြကြောင်း သိရသည်။
ဝါ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်သည် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသော ဒေသဖြစ်ပြီး ယခု နှစ်တွင် မိတ္ထီလာမြို့နယ်တွင် ဧက ၇၁၈၀၊ မလှိုင်မြို့နယ်တွင် ၈၉၈၁ ဧက၊ သာစည်မြို့နယ်တွင် ၉၉၉၅ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၁၅၆ ဧက၊ စုစုပေါင်း ၃၉၃၁၂ ဧက စိုက်ပျိုးခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဟူ၍ စိုက်ပျိုးကြပြီး မိတ္ထီလာခရိုင်အနေဖြင့် မိုးနှောင်းဝါကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးရာတွင် ချည်မျှင်တိုဝါမှာ အထွက်နှုန်းနည်း သည့်အတွက် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါမျိုးကို စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေရောင်းချ သည့် ြ၃၁ ၊ ရွှေတောင် ၈/၁၀၊ ငွေချဉ် ၉ တို့အပြင် ရာကာ(အိန္ဒိယ)မျိုးများကို စိုက်ပျိုးကြသည်။
မိတ္ထီလာခရိုင်တွင် မိုးနှောင်းဝါကို ဇူလိုင်လက စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလလယ်မှစ၍ ကောက်သိမ်း ခဲ့ရာ လက်ရှိအချိန်ထိကောက်သိမ်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။ တောင်သူများအနေဖြင့် ထွက် ရှိလာသောဝါကို တောပွဲစားများအပြင် မြို့ပေါ်ရှိပွဲရုံများ၊ ဝါစက်များသို့ ရောင်းချကြပြီး ပွဲရုံများမှ မြို့ပေါ် ဝါစက်များနှင့် မန္တလေးမြို့ပေါ်ရှိ ကုန်သည်များသို့ ပြန်လည်ရောင်းချကြသည်။ ဝါစက်များမှ ထွက်ရှိလာ သော ဂွမ်းကို နိုင်ငံပိုင်ချည်မျှင် စက်များနှင့် မန္တလေးမြို့ရှိ ပုဂ္ဂလိကချည်မျှင်စက်များသို့ ပြန်လည်ရောင်း ချကြ သည်။ ဝါဈေးအနေဖြင့် ရာသီပေါ်စက တစ်ပိဿာ ကျပ် ၃၁၀ဝ-၃၇၀ဝ များမှ လက်ရှိဈေးကွက်တွင် ကျပ် ၄၇၀ဝ-၄၈၀ဝ ရရှိသည့်အတွက် တောင်သူများ ယခုနှစ် မိုးများခြင်းကြောင့် အထွက်နှုန်း နည်း သော်လည်း အကျိုးအမြတ် ရရှိကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။
သူဇာမိုး၊ တင်မျိုးခိုင်၊ သင်းသင်းမြတ်