ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ယခုနှစ်အတွင်း အလုပ် အကိုင် အခွင့်အလမ်းပေါင်း ၁၀ဝ၀ ကျော်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း သုံးခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရာနှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုတို့ဖြစ် သည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အဆင်သင့်ဖျော်စပ်ပြီးသော ကွန်ကရစ်များ ရောင်းချသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနှင့် ဃဏြ စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု၏ မတည်ငွေရင်း ပမာဏမှာ ငွေကျပ် သန်း ၈၀ဝ၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၃၁ သန်းဖြစ်ကာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၁၆ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုတိုး