Main menu

Background

ပဲအမျိုးမျိုး တင်ပို့မှု တည်ငြိမ်စေရန် အိန္ဒိယနိုင်ငံနှင့် ရေရှည်ကုန်သွယ်ရေးမူဝါဒ ရရှိစေရေး ဘရာဇီးရှာဖွေနေ

Wed, 03/05/2025 - 10:09 -- journal_editor

IBRAFE (Brazilian Institute of Beans and Pulses) မှ ညွှန်ကြားရေးမှူးNajla Souza  က ပဲမျိုးစုံ ကုန်သွယ်မှုတွင် တည်ငြိမ်မှုနှင့် တိုးတက်မှုရရှိစေရန်  ဘရာဇီးနှင့် အိန္ဒိယနိုင်ငံ တို့အကြား   ရေရှည်ကုန်သွယ်မှု မူဝါဒများ လိုအပ်ကြောင်း CNBCTV  နှင့် အင်တာဗျူး၌ အလေးပေး ပြောကြားခဲ့သည်။
ဘရာဇီးသည်  ယမန်နှစ်က အိန္ဒိယနိုင်ငံသို့ မတ်ပဲ (Urad) မက်ထရစ်တန်  ခုနစ်သောင်း တင်ပို့ခဲ့ပြီး မြန်မာ နိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံး  တင်ပို့သူဖြစ်လာခဲ့သည်။  ပြည်ပသို့ ပဲအမျိုးမျိုး တန်ချိန် သုံးသိန်းတင်ပို့ခဲ့သည့်အနက် တန်ချိန် ၁၆၆၀ဝ၀ ကို အိန္ဒိယသို့ တင်ပို့ခဲ့သည်။ ထို့ပြင် နှမ်း အမျိုးမျိုးတန်ချိန် ၂၅၀ဝ၀ဝ ထုတ်လုပ်ခဲ့သည့်အနက် တန်ချိန်  တစ်သိန်းကို  အိန္ဒိယသို့ တင်ပို့ခဲ့သည်။ ယမန်နှစ်အတွင်း အိန္ဒိယက သြစတြေးလျ၊ ဘရာဇီးလ်၊ အာဂျင်တီးနား နိုင်ငံများ မှ တင်သွင်းခဲ့သည်။ ဤသို့ ထပ်လောင်း၍ တင်ပို့မှုက  ပြိုင် ဆိုင်မှု တိုးမြင့်လာပြီး ဈေးနှုန်းများ လျှော့ချခြင်းဖြင့် အိန္ဒိယကို အကျိုးပြုသည်။  သို့သော်လည်း ရေရှည်ကုန်သွယ်မှု အာမခံ ချက်မရှိဘဲ  ထုတ်လုပ်မှုတိုးချဲ့ရန်ကိုမူ ဘဏ္ဍာရေးအန္တရာယ် ကြောင့်  ဘရာဇီး လယ်သမားများက ချီတုံချတုံ ဖြစ်နေကြသည် ဟုဆိုသည်။
ဘရာဇီးသည် မြန်မာနိုင်ငံကို အစားထိုး၍ အဓိက တင်ပို့ရောင်းချသူဖြစ်လာရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ    အိန္ဒိယ ၏ ကြီးထွားလာသော ပဲမျိုးစုံဝယ်လိုအားကို ဖြည့်ဆည်းရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ှသကဖေ ထည့်သွင်းပြောကြား ခဲ့သည်။ ဆက်ဆံရေးပိုမိုခိုင်မာစေရန် IBRAFE  သည် အိန္ဒိယ အိမ်ထောင်စုများအတွက် အလားအလာရှိသော ရွေးချယ် စရာများအဖြစ် ပဲနီပြားအကျား (Carioca bean) အပါအဝင် ဘရာဇီးလ်ပဲမျိုးစုံကို တက်ကြွစွာ မြှင့်တင်လျက်ရှိသည်။  
ရေရှည်တည်တံ့မှုရှိစေရန် ၎င်း၏ စိုက်ပျိုးထုတ်လုပ်မှု ကို ကွဲပြားစေရေး ဘရာဇီးက အာရုံစိုက်ထားသည်။ မြေဆီ လွှာ  ကျန်းမာရေးနှင့် ကုန်ထုတ်စွမ်းအားကို ထိန်းသိမ်းရန် ပဲပုပ်၊ ပြောင်းနှင့် ပဲမျိုးစုံတို့ကြားတွင် သီးနှံအလှည့်အပြောင်း စိုက်ပျိုးရေးအဖြစ် ဘရာဇီးလယ်သမားများက ဆောင်ရွက်နေ ကြသည်။  လက်ရှိအချိန်၌ IBRAFE နှင့် ဘရာဇီးလ်နိုင်ငံအခြေ စိုက် အိန္ဒိယသံအမတ်ကြီးတို့က ရေရှည်မူဝါဒ တစ်သမတ် တည်းရှိစေရန် ဆွေးနွေးခဲ့သည်။ 
 IBRAFEသည်  ဘရာဇီး လယ်သမားများအတွက် တည်ငြိမ်သော သီးနှံအဖြစ် ပဲမျိုးစုံကိုမြှင့်တင်ရန် လုပ်ဆောင် နေသော်လည်း နိုင်ငံတကာ  ဈေးကွက်များ အထူးသဖြင့် အိန္ဒိယတွင် တည်ငြိမ်မှုက အရေးကြီးကြောင်း၊ မသေချာမရေ ရာမှုများ  ရှိသော်ငြားလည်း ဘရာဇီးလယ်သမားများသည် အမြတ်အစွန်းနှင့် ရေရှည်အခွင့်အလမ်းများကို မြင်သော ကြောင့် မတ်ပဲနှင့် ပဲစင်းငုံအပါအဝင် ကောက်ပဲသီးနှံအသစ် များကို စမ်းသပ်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ၊ IBRAFE သည် အိန္ဒိယနိုင်ငံရှိ တိုးတက်ပြောင်းလဲနေသော ဈေးကွက် အရွေ့များနှင့်  ၎င်းတို့၏ မဟာဗျူဟာများကို ချိန်ညှိရန် ဘရာဇီးရှိ လယ်သမားများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ကုန် သည်များနှင့် ဆက်လက်ထိတွေ့ ဆက်ဆံနေကြောင်း Souza    က ထည့်သွင်းပြောကြားခဲ့ သည်။ 
အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသည့် မတ်ပဲနှင့်  ပဲစင်းငုံများကို ဘရာဇီးနိုင်ငံမှ တိုးမြှင့်တင်ပို့ရန် ဆောင်ရွက်လာခြင်းကြောင့် အိန္ဒိယပဲဈေးကွက်တွင် ဈေးကွက် ပြိုင်ဘက်များ တိုးလာမည်ဖြစ်ကြောင်း သိရသည်။
ရင်းမြစ်။ CNBC 

ဒေါက်တာရွှေစင်ကို (ကုန်သွယ်ရေးဦးစီးဌာန)