Main menu

Background

ပခုက္ကူမြို့မှ ဆေးဖက်ဝင် နေလဲစေ့ ဈေးနှုန်းဈေးကွက်

Mon, 04/07/2025 - 10:57 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်သည် အပူပိုင်းဒေသဖြစ်၍ အပူပိုင်းဒေသ ပေါက်ရောက်သော အပင်များမှာ မန်ကျည်း၊ ကုက္ကိုလ်၊ တမာ၊ ထနောင်း၊ရှားပင်နှင့် အခြားဆေးဖက်ဝင်အပင်များဖြစ်သော ဆင်တုန်းမနွယ်၊ ကြက်ဟင်းခါး၊ ကင်းပုံလက် ချားအပင်များလည်း  အလေ့ကျပေါက်ရောက်လျက်ရှိသည်။ ထိုအပင်များအနက်မှ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည့် နေလဲပင်သည် အလေ့ကျပေါက်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ 
နေလဲပင်သည် အညာဒေသတွင် လယ်စိုက်ခင်းများ၏  ကန်သင်းရိုးများနှင့် စိုက်ပျိုးမှုမရှိသော လယ်ကွက်များတွင် အလေ့ကျပေါက်ရောက်လျက်ရှိပြီး  ဒီဇင်ဘာလ လယ်မှစ၍ အပွင့်များ စတင်ပွင့်ကြပြီး ဇန်နဝါရီလတွင် အသီးများရင့်မှည့်ကာ စတင်ဆွတ်ခူးကြောင်း သိရသည်။ 
နေလဲစေ့များကို ဇန်နဝါရီလမှစ၍ ဈေးကွက်အတွင်းတွင် ဝင်ရောက်ရောင်းဝယ်မှုရှိကြပြီး နေလဲစေ့ဈေးနှုန်းမှာ ဇန်န ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ ဖေဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၉၇၀ဝ ဖြစ်၍ မတ်လ  စတုတ္ထပတ်တွင် နေလဲစေ့ တစ်ပိဿာလျှင်ကျပ် ၉၄၅၀ ဖြစ်ပြီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ ခန့် ဈေးကျကြောင်းသိရသည်။
နေ့စဉ်အရောင်းအဝယ်ဖြစ်မှုမှာ ပိဿာချိန်မှာ ၂၀ဝ၀ မှ ၃၀ဝ၀ အထိဖြစ်ကြောင်း၊ နေလဲစေ့ကို တိုင်းရင်းဆေးများတွင်လည်း အသုံးပြုမှုများခြင်းကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။                                    

 လှိုင်ဥမ္မာဦး(ပခုက္ကူ)