Main menu

Background

ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

Wed, 04/09/2025 - 10:59 -- journal_editor

ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နိုင်ငံ တစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့ တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင် ရန်အတွက်  ပြည်ပမှ  ဘိလပ်မြေများကို   တင်သွင်းခွင့်ပြုလျက်ရှိ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ‌ ရေယာဉ်များ စဉ် ဆက်မပြတ် ရောက်ရှိလျက်ရှိပြီး တန်ချိန် ၁၅၀ဝ တင်ဆောင်လာ သည့် ရေယာဉ်သည် ရန်ကုန်မြို့၊ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့  မတ် ၂၂ ရက်တွင် ထပ်မံရောက်ရှိခဲ့၍ ဈေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလ အတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခု ရေ ယာဉ်အပြင်  ကျန်ဘိလပ်မြေ  တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။
-