Main menu

Background

စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန် အိတ်လေးသိန်း ဝယ်ယူရေး ဆောင်ရွက်မည်

Wed, 04/09/2025 - 11:12 -- journal_editor

မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်း ဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်း စပ်၍ စပါးတင်း သိန်း ၁၅၀ နှင့် ဧည့် မထဆန်အိတ် လေးသိန်း ဝယ်ယူရေး ကို ၂၀၂၅ ခုနှစ် ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ မတ် ၂၂ ရက်တွင် ကျင်းပပြုလုပ် သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး များ၊  ဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  ယင်း အစည်းအဝေးတွင် ပေါင်းဆန်ထုတ် လုပ်မှုနှင့် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပေါင်း ဆန်တန်ချိန် သုံးသိန်း တင်ပို့နိုင်ရေး လျာထားလျက် ပေါင်းဆန်စက် ၃၀ အား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခြင်း၊ ပေါင်း ဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေတိုရေရှည် ဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
Solar Energy တပ်ဆင်သုံးစွဲမှု ဆိုင်ရာနှင့် စပ်လျဉ်း၍ အသင်းချုပ်နှင့် MoU ရေးထိုးထားသည့်Solar Energy ကုမ္ပဏီ ၁၁ခုနှင့်Export ဆောင်ရွက် လျက်ရှိသည့် ဆန်စက်ကြီးများတွင်Solar Energy စက်တပ်ဆင်အင်အား (၄၁ဒသမ၅) မဂ္ဂါဝပ်ကို စတင်ဆောင် ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ Solar Energy တပ်ဆင်မည့် စနစ်အမျိုး မျိုးအပေါ် ညှိနှိုင်းဆွေးနွေးခြင်း၊Solar ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရရှိ မည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲ ရေး၊ လယ်ယာသီးနှံများတွင် စိုက်ပျိုးရေ  ရရှိရေးဆောင်ရွက်မည့်ကိစ္စများ စသည် တို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့ပြင် စပါး၊  ဆန် ရောင်းချရန် အခက်အခဲရှိပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်     ရုံးဖုန်းနံပါတ် ဝ၁-၂၃၀၁၁၂၈-၂၉ ၊ ဝ၁-၂၁၈၂၆၆-၆၈သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

 

ကိုတိုး