Main menu

Background

ပို့ကုန်အဟောင်းနှင့် ပို့ကုန်အသစ်များ ဈေးကွက်ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်

Wed, 04/09/2025 - 12:00 -- journal_editor

တနင်္သာရီတိုင်းဒေသတွင်းရှိ မြိတ်ကုန်သွယ်‌ ရေးစခန်းသည် မြန်မာ့ပို့ကုန်ပစ္စည်းများကို ပြည်ပ နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့နိုင်ရေးအတွက် တွန်းအား ပေး ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ကုန်သွယ် ရေးစခန်းတစ်ခုဖြစ်သည်။  ရေထွက်ကုန်ပစ္စည်း များ   အဓိကတင်ပို့ခဲ့သည့်   မြိတ်စခန်းသည် ကော့သောင်းစခန်းအား  ဃ့နခု စသငညအ အဖြစ် သတ်မှတ်ပြီးသည့် နောက်ပိုင်းတွင် မြိတ် ပင်လယ် ပြင်မှ ဖမ်းဆီးရမိသည့် ရေထွက်ပို့ကုန်များကို ကုန် ကျစရိတ်၊ အချိန်သက်သာစေရေးအတွက် ကော့ သောင်း ကုန်သွယ်ရေးစခန်းမှ  ထွက်ပေါက်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နေကြခြင်းဖြစ်သဖြင့် မြိတ် စခန်းအနေဖြင့်  ရေထွက်ပို့ကုန် သိသိသာသာ  လျော့နည်းခဲ့ရသည်။ 
ထို့ကြောင့် မြိတ်ကုန်သွယ်‌ရေးစခန်းသည် အခြား ပို့ကုန်ပစ္စည်းများကို  ထိုင်းနိုင်ငံသို့ တင်ပို့ နိုင်ရေး  ကြိုးပမ်းရှာဖွေ၍ ဘက်စုံတွန်းအားပေး ကြိုးပမ်းဆောင်ရွက်ရသည့် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ မှ ဖေဖော်ဝါရီလထိ အမှန်ဆောင်ရွက်နိုင်မှုအနေ ဖြင့် ပို့ကုန်  အမေရိကန်ဒေါ်လာ ၆၃ သန်း ဆောင် ရွက်နိုင်ခဲ့ပြီး ပို့ကုန်စုစုပေါင်း၏  ၄၀ ရာခိုင်နှုန်း သည် ရော်ဘာကုန်ကြမ်း၊ ၃၅ ရာခိုင်နှုန်းသည် ငါး အမှုန့်တို့  အဓိကတင်ပို့လျက်ရှိသည်။ ယခင်နှစ် ကာလတူက ပို့ကုန်အမေရိကန်ဒေါ်လာ ၄၃ သန်း နှင့် တင်ပို့နိုင်သဖြင့် ကာလတူထက် အမေရိကန် ဒေါ်လာ သန်း ၂၀ ပိုမိုတင်ပို့နိုင်ခဲ့သည်။
ထိုကဲ့သို့ ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခင် နှစ်များက  တင်ပို့မှုရှိခဲ့ပြီး   ယခုနှစ်တွင် ကွယ် ပျောက်လျက်ရှိသည့် ပို့ကုန်အမယ်များ ဖော်ထုတ် ခြင်း၊ ပို့ကုန်အမယ်သစ်အတွက် ဈေးကွက်ရရှိရေး ချိတ်ဆက် ကြိုးပမ်းဆောင်ရွက်ခြင်းအပြင် ပို့ကုန် များတင်ပို့ရာတွင်  လွယ်ကူလျင်မြန် ချောမွေ့စွာ တင်ပို့နိုင်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဆောင် ရွက်လျက်ရှိသည်။ 
ထို့ကြောင့်     မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကြက်သွန်နီများကို မြိတ်မှ ရေလမ်း ဖြင့်  ထိုင်းနိုင်ငံသို့   တင်ပို့နိုင်ရေး  ကြက်သွန်နီ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးကာ  မြိတ်မှ ကြက်သွန်နီ ပြည်ပ ပို့ကုန်တင်ပို့နိုင်ရေး ဆောင် ရွက်နိုင်ခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့် နှစ်နှစ်နီးပါးခန့်မှစ၍ ဈေးကွက်ဝယ်လိုအား ကွယ်ပျောက်ခဲ့သည့် မြန်မာ့ တံမြက်စည်း ပို့ကုန်အမယ်ကို ပြန်လည် တင်ပို့နိုင်‌ ရေးအတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ကုန်သည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တစ်ဖက် နိုင်ငံ ဈေးကွက်နှင့် ပြန်လည်ချိတ်ဆက်တင်ပို့နိုင် ရေး စည်းရုံးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါ     ဆွေးနွေးညှိနှိုင်းမှုများကြောင့် ထိုင်းနိုင်ငံ ရနောင်းဝယ်လက်မှ ၂၀၂၅ ခုနှစ် ဇန်န ဝါရီလမှ ဖေဖော်ဝါရီလထိ နှစ်လအတွင်း မြန်မာ့ တံမြက်စည်း ၁၈၁၀ဝ၀ ဝယ်လိုအားရှိခဲ့ပြီး တန်ဖိုး အားဖြင့်  အမေရိကန်ဒေါ်လာ ၄၀ဝ၀ဝ နီးပါး ပို့ကုန်ဝင်‌ငွေ ရရှိခဲ့သည်။ 
မြန်မာ့တံမြက်စည်းသည် သဘာဝ ပစ္စည်း များဖြစ်သည့် မြက်၊ ဝါးတို့ဖြင့်  ပြုလုပ်ထားခြင်း ဖြစ်သဖြင့်  အဆောက်အအုံ၏ အတွင်း၊ အပြင် လှည်းကျင်းနိုင်သည့်အပြင် ပေါ့ပါးခြင်း၊ ကြာရှည်ခံ  ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည်  မြန်မာ့တံမြက် စည်းအား နှစ်သက်ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံ သည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သဖြင့်    ကမ္ဘာလှည့်ခရီးသွားများ တည်းခိုမှု ၊ စားသောက်မှု ၊ ဏကဘူငခ နေရာများ အတွက် အဓိက အရေးပါဆုံးဖြစ်သည့် သန့်ရှင်းမှု ရှိစေရေးကို  အထူးအလေးထား  ဆောင်ရွက် ကြသည်။ ထို့ကြောင့် သန့်ရှင်းရေး ပြုလုပ်ရာတွင် လိုအပ်သည့် တံမြက်စည်းကို ထိုင်းနိုင်ငံဘက်မှ ဝယ်လိုအား မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သိရ သည်။ 
နောင်လာမည့်  ကာလများအတွက်လည်း ထိုင်းနိုင်ငံဘက်မှ ဝယ်လိုအား အမှာစာ ရရှိထားပြီး ဖြစ်သဖြင့်  လစဉ် တင်ပို့သွားမည် ဖြစ်ကြောင်းကို ပို့ကုန်လုပ်ငန်းရှင်ထံမှ သိရသည်။   ထိုင်းနိုင်ငံ ဘက်မှ   ဝယ်လိုအားအရ  မိမိနိုင်ငံတွင်လည်း တံမြက်စည်း ပြုလုပ်သူများနှင့် ထပ်မံချိတ်ဆက် ဆောင်ရွက်နိုင်ရေး မြိတ်ကုန်သွယ်ရေးစခန်းက ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။ 
မြန်မာ့ထွက်ကုန်ပို့ကုန်ပစ္စည်းများ ပြည်ပ ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ဈေးကွက်ပျောက် ကွယ်သွားသည့်   မြန်မာ့တံမြက်စည်းကဲ့သို့ပင် အခြားပို့ကုန်အမယ်များကို   ထပ်မံဖော်ထုတ်၍ ပြန်လည်တင်ပို့နိုင်ရေး    ဆောင်ရွက်ပေးခြင်း၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရေးအတွက် ဈေး ကွက်သစ်များ ရှာဖွေချိတ်ဆက်ပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။

မြိတ်ကုန်သွယ်ရေးစခန်း