Main menu

Background

ပြည်တွင်းသုံးစက်မှုလက်မှုလုပ်ငန်းမှ လယ်ယာသုံးစက်ကိရိယာဈေးကွက်

Mon, 05/05/2025 - 10:38 -- journal_editor

ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် လယ်ယာစိုက်ပျိုး  ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသော မြို့နယ်တစ်ခုဖြစ်၍ နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက ၂၇၀ဝ၀ဝ ကျော် စိုက်ပျိုးလျက်ရှိ သည်။ ကျိုက်လတ်မြို့တွင် စက်မှုလက်မှုလုပ်ငန်းများလည်းထွန်းကား၍ လယ်ယာကဏ္ဍအတွက် စက်ကိရိယာများဖြစ် သော တာရာအစားထိုး သံဘီး၊ ရေတင်စက်များ ၊ လူဆွဲမျိုးစေ့ ချ လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်၊
ကျိုက်လတ်မြို့ပေါ်ရှိ   စက်မှုလက်မှုလုပ်ငန်းမှ  စပါး စိုက်ပျိုးရာတွင် တောင်သူများ သုံးစွဲလျက်ရှိသော လက်တွန်း ထွန်စက်များတွင် လယ်ကွင်းထဲ၌ တာယာဘီးဖြင့် အများဆုံး အသုံးပြုလျက်ရှိသော်လည်း မြေကျွံသောနုန်းမြေတွင် တာယာ အစားထိုး  သံဘီးများပြုလုပ်၍ အဆိုပါသံဘီး ဘယ်/ညာ တစ်စုံလျှင် ကျပ်နှစ်သိန်းဝန်းကျင်၊ လယ်မြေတွင် ရေတင်သည့် ရေတင်ပိုက်၊ ၈ လက်မ၊ ၁၀ လက်မ ၊ ၁၂ လက်မှ အတိုအရှည် နှင့် ဒလက်ချာများအပါအဝင် တစ်ခုကို ကျပ် ၁၀သိန်းဝန်းကျင် နှင့် ပြည်ပသုံး ငွေလျှော့ချရေးနှင့် ပြည်တွင်းအစားထိုးသုံးစွဲရန် ဘီးနှစ်ဘီးပါ လူဆွဲမျိုးစေ့ချ ကိရိယာများကိုလည်း ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။
ထိုလူဆွဲမျိုးချကိရိယာမှာ လူတစ်ဦးသာဆွဲ၍ အသုံးပြု ရပြီး  လုပ်သားလိုအပ်ချက်ကို လျော့နည်းစေသည့်အပြင် ဗီယက်နမ်နိုင်ငံစနစ်ဖြင့် လွယ်ကူရိုးရှင်းသော တိုက်ရိုက်မျိုး စေ့ချကိရိယာဖြစ်ပြီး တစ်ခုလျှင် ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့်  ပူးပေါင်း၍ တောင်သူများကို ရောင်းချရန် စီစဉ်လျက်ရှိကြောင်း သိရသည်၊

 

DOCA (ဖျာပုံ)