Main menu

Background

ကျိုက်လတ်မြို့မှ ဈေးကွက်ဝင် ငါးရံ့ခြောက်လုပ်ငန်း

Mon, 06/02/2025 - 12:45 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ်သည် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ အဓိကလုပ်ကိုင်လျက် ရှိပြီး မြစ်‌၊ ချောင်း၊  အင်းအိုင်ပေါများ၍  သဘာဝအလျောက် ဖမ်းဆီးရမိသော ဒေသထွက်ငါးရံ့များကို ငါးရံ့ခြောက်ပြုလုပ်ကာ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။
ကျိုက်လတ်မြို့ပေါ်တွင် ငါးရံ့ခြောက်လုပ်ငန်းရှင် ၁၀ ဦး ခန့်ရှိပြီး ငါးရံ့ခြောက်ပြုလုပ်ရန်အတွက် ငါးရံ့အစို ၁၅ ကျပ်သား၊ ၂၀ ကျပ်သားရှိသော ငါးအကောင်များကို ရွေးချယ်ဝယ်ယူရသည်။ ဝယ်ယူထားသော ငါးရံ့များအား ခေါင်းဖြတ်၊ အူထုတ်၊ ကျောခွဲ၊ ဗိုက်ခွဲ၍ အလယ်ရိုးထုတ်ပြီး  အပေါ်အရေခွံခွာ၍ မြောင်းခွဲကာ ဆားနှင့်နယ်ပြီး ၄/၅ ရက်ခန့် နေလှန်းပြီးပါက ငါးရံ့ခြောက်အဖြစ် ရရှိသည်။ ငါးရံ့ခြောက်ကုန်ချောရရှိရန် ငါးရံ့ခြောက်အား သုံးမိနစ် ခန့်  ရေစိမ်ပြီးရေစစ်၍ မွလာအောင် ထုရသည်။ ထုမွပြီးသော ငါးရံ့ခြောက်များကို နောက်တစ်ခါ  မီးသွေးမီးဖိုဖြင့် သံဆန်ခါခံ၍ မီးကင်ရသည်။ မီးကင်ပြီး ြွကပ်ရွလာသော ငါးခြောက်များအား ဇလုံထဲသို့ ဆီထည့်၍ မွှေပေးရသည်။ ပြီးလျှင် ဇလုံမှဆယ်ယူကာ ဆီစစ်ထားသော ငါးရံ့ခြောက်များကို ချိန်တွယ်၍တစ်ဆယ်ကျပ် သား တစ်ထုပ်ကျပ် ၂၆၀ဝ၀၊ ငါးကျပ်သား တစ်ဘူး ကျပ် ၁၄၀ဝ၀ နှင့် ၂ ကျပ်ခွဲသား တစ်ဘူး ကျပ် ၇၀ဝ၀ ဈေးဖြင့် ဒေသတွင်းနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ပြည်တွင်းစားသုံးမှု ရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများနှင့် အလည်အပတ် သွားရောက်သူများကလည်း မှာယူ စားသုံးလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။
ကျိုက်လတ်မြို့နယ် ဒေသထွက်ကုန်  ငါးရံ့ခြောက်များကို တိုင်းဒေသကြီးအတွင်းနှင့် နေပြည်တော်တွင် ကျင်းပသော ပြပွဲ များတွင် ဒေသထွက်ကုန်ပြခန်းများအဖြစ် ပါဝင်ပြသရောင်းချလျက် ရှိသလို မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးနေသော ငါးရံ့ခြောက် စားသောက်ကုန်လုပ်ငန်းမှာ  MSMEs    ထုတ်ကုန်အနေဖြင့် ပြည်တွင်း၊ ပြည်ပတွင် ဈေးကွက်ဝေစုရရှိရန် အလားအလာကောင်း များရှိနေကြောင်း ငါးရံ့ခြောက်လုပ်ငန်းရှင်များထံမှ သိရသည်။ 
    

ဖျာပုံ (DOCA)