ဘိလပ်မြေ
မော်လမြိုင်မြို့၌ ၂၀၂၅ခုနှစ် မေလ စတုတ္ထပတ်တွင် ဘိလပ် မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ် နေကြောင်း သိရှိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ်ပုံမှန် ဖြစ်နေသောဈေးမှာ ယခုတစ်ပတ်တွင် (အပါချီ) တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၄၃၅၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ ဖြင့် အရောင်း အဝယ် ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေး ဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည် ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
မေလစတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကော မက်) 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၅၂၀ဝ၀၊ ကွန် ပေါင်း 20:12:12 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ကွန် ပေါင်း Thai Grow How) 15:15:15 50kg ပါ တစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆% မြန်မာ (MPE)50kg ပါ တစ် အိတ်လျှင် ကျပ် ၇၀ဝ၀ဝ၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ)50kg ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ပုလဲအသေး တရုတ်(ရွှေတောင်) ၅၀ါု ပါ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ပိုတက်(မြန်မာ့သြဘာ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀ဝ၀၊ တီစူပါ(သံကွင်း) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀ဝခခ တစ်ပုလင်းလျှင် ကျပ် ၆၀ဝ၀ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ် ပုလင်းလျှင် ကျပ် ၂၂၀ဝ၀၊ ဖျူရာဒါန် ၅ ဂျီ (မြန်မာ့သြဘာ)1 Kg ပါ တစ်ထုပ်၊ ကျပ်၁၅၀ဝ၀၊ အဆီဖိတ်(ခရု) မြန်မာ့သြဘာ 500kg ပါ တစ်ထုပ်လျှင် ကျပ်၄၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်း မှာ အဖွင့်ရာသီတွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၃၅၀ဝ၊RSS-5 တစ်ပေါင်လျှင် ကျပ် ၃၃၀ဝ ရှိခဲ့ပြီး မေ ၂၈ ရက်မှ ဇွန် ၂ ရက်ထိ ဈေးနှုန်းမှာ မော်လမြိုင်မြို့တွင်RSS-3တစ်ပေါင်လျှင် ကျပ်၂၇၈၀၊ ကျိုက်မရောမြို့တွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၂၉၅၀၊ မုဒုံမြို့ တွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၂၈၇၀၊ ချောင်းဆုံမြို့တွင် ျွှ-၃ တစ်ပေါင်လျှင် ကျပ် ၂၆၅၀၊ ျွှ-၅ တစ်ပေါင်လျှင် ကျပ်၂၅၀ဝ ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက တစ်ပေါင်လျှင် ကျပ် ၃၀ ခန့် ဈေးနှုန်းတက်လာပြီး ယခင်နှစ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကလည်း တစ်ပေါင်လျှင် ကျပ် ၇၈၀ခန့် ဈေးနှုန်းတက်လာခဲ့သည်။
မိုးရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရော်ဘာခြံရှင်များ အနေဖြင့် အစေးလှီးခြင်းကို ရပ်နားထားကြပြီးဖြစ်သည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါ တစ်ထုပ်လျှင် ကျပ် ၃၂၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၆၄၀ဝ၀၊ ဖြင့်လည်းကောင်း မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူခနှုန်း ထားမှာ ၅၀ ါု တစ်ထုပ်လျှင် ကျပ် ၄၂၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၈၄၀ဝ၀ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း၊ ယခုတစ်ပတ် တွင် ရော်ဘာဈေးနှုန်းအနည်းငယ် တက်လာရခြင်းမှာ ရော်ဘာ အစေးထွက်ရှိမှု နည်းလာသဖြင့် ဈေးနှုန်းအနည်းငယ် တက်လာ ရခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
အောင်မြင့်မြတ်(မွန်)